အမေရိကန် ဟာသအက်ရှင် ရုပ်ရှင်ကားတကားဖြစ်တဲ့ "The Hitman's Bodyguard” ဇာတ်ကားဟာ Boxoffice မဂ္ဂဇင်းမှာ ဖော်ပြတဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ကားအဖြစ် နှစ်ပတ်ဆက် ရပ်တည်နေပါတယ်။
သရုပ်ဆောင် ရိုင်ယွန်ရေနော၊ ဆယ်မြူရယ်ဂျက်ဆင်တို့ သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ သြဂုတ် ၂၅ ရက်နေ ၂၇ ရက်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်း ရမယ်လို့ ခန့်မှန်းထားရာ ဒီဇာတ်ကားရဲ့ စုစုပေါင်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၁ သန်းထိ ရှိသွားပြီဖြစ်ပါတယ်။
နောက်ရုပ်ရှင်တကားဖြစ်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်း Annabel:Creation ရုပ်ရှင်ကားဟာ ဒုတိယဝင်ငွေအများဆုံးနေရာမှာ ရပ်တည်နေပြီး အခုသီတင်းပတ်အကုန်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ သန်းရမယ်လို့ ခန့်မှန်းထားပါတယ်။
5 years Ago