The Hitman's Bodyguard

August 25, 2017

The Hitman's Bodyguard ဟာသအက်ရှင်ကား ဝင်ငွေအများဆုံး ဇာတ်ကားအဖြစ် ရပ်တည်

အမေရိကန် ဟာသအက်ရှင် ရုပ်ရှင်ကားတကားဖြစ်တဲ့ "The Hitman's Bodyguard” ဇာတ်ကားဟာ Boxoffice မဂ္ဂဇင်းမှာ ဖော်ပြတဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ကားအဖြစ် နှစ်ပတ်ဆက် ရပ်တည်နေပါတယ်။ သရုပ်ဆောင် ရိုင်ယွန်ရေနော၊ ဆယ်မြူရယ်ဂျက်ဆင်တို့ သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ သြဂုတ် ၂၅ ရက်နေ ၂၇ ရက်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်း ရမယ်လို့ ခန့်မှန်းထားရာ ဒီဇာတ်ကားရဲ့ စုစုပေါင်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၁ သန်းထိ ရှိသွားပြီဖြစ်ပါတယ်။ နောက်ရုပ်ရှင်တကားဖြစ်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်း Annabel:Creation ရုပ်ရှင်ကားဟာ ဒုတိယဝင်ငွေအများဆုံးနေရာမှာ ရပ်တည်နေပြီး အခုသီတင်းပတ်အကုန်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ သန်းရမယ်လို့ ခန့်မှန်းထားပါတယ်။
4 years Ago
Up