The Haunted Ship

February 27, 2020

မွမ်ဘိုင်းက တစ္ဆေသင်္ဘောကြီးအကြောင်းဖြစ်ရပ်မှန်ရုပ်ရှင်-Bhoot–Part One: The Haunted Ship(နမူနာ)

ဟင်ဒီစကားပြော Horror Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Bhoot – Part One: The Haunted Ship ရုပ်ရှင်ကို မြန်မာနိုင်ငံမှာ ရုံတင်ပြသသွားဖို့ ရှိနေပါ တယ်။ ဒီကားကိုတော့ အိန္ဒိယရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ၂ ခုဖြစ်ကြတဲ့ Dharma Productions နဲ့ Zee Studios တို့ ပူးပေါင်းထုတ်လုပ်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Bhanu Pratap Singh က ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ဒီရုပ်ရှင်ကားကတော့ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက မွမ်ဘိုင်းမြို့မှာ တကယ်ဖြစ် ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေတည်ပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူးထားခဲ့တာပါ။ Sea Bird လို့ အမည်ရတဲ့ သင်္ဘောပျက်ကြီး တစင်းဟာ မွမ်ဘိုင်းမြို့က ကမ်းခြေတခုမှာ လာ ဆိုက်နေခဲ့တာ ဖြစ်ပါတယ်။ ခုလို ရေပိုက်နက်ထဲထိ ရောက်ရှိလာပြီး ကမ်းခြေမှာကပ်တဲ့ အထိ ဘယ်သူမှလည်း သတိမထားမိခဲ့ကြသလို အဲဒီသင်္ဘောကြီးပေါ်မှာလည်း လူတ ယောက်မှ ပါမလာခဲ့ပါဘူး။ ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဒီသင်္ဘောကြီးကရော ဘယ်ကရောက်လာတာလဲ၊ ဒါတွေကို စုံစမ်းစစ်ဆေးဖို့ Prithvi ရဲ့ တာဝန်ဖြစ်လာချိန်မှာတော့ သင်္ဘောကြီးပေါ်မှာ မကောင်းဆိုးဝါးတွေပါလာတယ်၊ သရဲခြောက်တယ်ဆိုတဲ့ ထူးဆန်းတဲ့ ပါးစပ်ရာဇဝင်တွေနဲ့အတူ ဘယ်လိုအလှည့်အပြောင်း တွေ၊ သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆို တာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသား Vicky Kaushal နဲ့ သရုပ်ဆောင်မင်းသမီး Bhumi Pednekar တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ IMDb မှာတော့ Rating 6.6 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ် ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ  ၂၁ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။
1 year Ago
Up