The Closet

February 18, 2020

လျှို့ဝှက်သည်းဖို သွေးပျက်ထိတ်လန့်ဖွယ် ကိုရီးယားရုပ်ရှင် - The Closet (နမူနာ)

လျှို့ဝှက်သည်းဖို သွေးပျက်ထိတ်လန့်ဖွယ် ကိုရီးယားရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Closet ကို ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ Horror, Mystery အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ CJ Entertainment က ဖြန့်ချိပေးသွားမှာဖြစ်ပြီး ဒါရိုက်တာ Kim Kwang-bin က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Sang Won ဟာ Architect တယောက် ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူဟာ မတော်တဆမှု တခုကြောင့် ဆုံးပါးသွားခဲ့ပြီးနောက်မှာတော့ သမီးဖြစ်တဲ့ Yi Na နဲ့အတူ ကျန်ရစ်ခဲ့ပြီး သူတို့သားအဖ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အေးစက်စက် ဖြစ်လာခဲ့ပါတယ်။ အဲဒီလို အခြေအနေကနေ အရင်လို ဆက်ဆံရေးမျိုး ပြန်ပြီးတည်ဆောက်ဖို့ အိမ်သစ်တလုံးဆီ ပြောင်းရွှေ့ခဲ့ပြီး သိပ်မကြာခင်မှာတော့ သမီးဖြစ်သူက သူ့မှာ သူငယ်ချင်းအသစ်ရနေပြီလို့ ပြောခဲ့ပါတယ်။  Yi Na ရဲ့ အဝတ်ဗီရိုဆီကလည်း ထူးဆန်းတဲ့ အသံတွေ ကြားနေရပြီး သူ့ရဲ့ အပြုအမူတွေကလည်း ပုံမှန်မဟုတ်ပဲ ပြောင်းလဲနေခဲ့ပါတယ်။ Sang Won က လည်း ထူးဆန်းတဲ့ အိပ်မက်တွေ မက်လာပြီး တနေ့မှာတော့ သမီးဖြစ်သူဟာ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်သွားခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲ။ ပျောက်ဆုံးနေတဲ့ Yi Na က ဘယ်ရောက်သွားခဲ့တာလဲ။ တမလွန်နဲ့ လက်ရှိကာလ ခြားနားချက်တွေထဲက အခြေအနေတွေနဲ့အတူ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ကိုရီးယား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ် ကြတဲ့ Ha Jung-Woo ၊ Kim Nam-Gil ၊ Heo Yool တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖိုဆန်ဆန် ရိုက်ချက်တွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ကားကိုတော့ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။
1 year Ago
Up