The Call of the Wild

February 13, 2020

မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ပါဝင်သည့် စွန့်စားမှုအသားပေးဒရာမာရုပ်ရှင်- The Call of the Wild (နမူနာ)

အမေရိကန် နာမည်ကြီးစာရေးဆရာ ဂျက်လန်ဒန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်- The Call of the Wild ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ Adventure Family Drama အမျိုးအစားရုပ်ရှင်ကား တကားဖြစ်တဲ့ ဒီကားကိုတော့ 3 Arts Entertainment က ထုတ်လုပ်ပြီး 20th Century Studios က ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ How to Train Your Dragon ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ အမေ ရိကန်ရုပ်ရှင်ဒါရိုက်တာ Chris Sanders က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။  The Call of the Wild ဝတ္ထုဟာ ဂျက်လန်ဒန်ရဲ့ ၁၉၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဝတ္ထု တိုတပုဒ်ဖြစ်ပါတယ်။ ဒီဝတ္ထုကို ၁၉၃၅ ခုနှစ်ကလည်း ရုပ်ရှင်အနေနဲ့ ရိုက်ကူးခဲ့ဖူးတာမို့ ဒါက နောက်တကြိမ်ခေတ်မီအပြင်အဆင်တွေနဲ့ ရိုက်ကူးထားတာကို ပရိသတ်တွေက ရှု စားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Buck အမည်ရတဲ့ ခွေးကလေးဟာ Santa Clara မြို့လေးကနေ ခိုးယူခံလိုက်ရပြီး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတခုဆီ ရောင်းစား ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူလွတ်မြောက်အောင် ဘယ်လိုကြိုးစားမလဲ၊ သူ့အ ပေါ်သံယောဇဉ်ရှိတဲ့ John ဆိုတဲ့ အမျိုးသားတယောက်နဲ့ တွေ့ဆုံမိပြီး နှင်းတောထဲ စွပ် ဖားဆွဲရတဲ့ ဦးဆောင်နိုင်တဲ့ ပါးနပ်လိမ္မာတဲ့ ခွေးတကောင်ဖြစ်လာခဲ့တာတွေ၊ သူတို့ ၂ ယောက်ရဲ့ စွန့်စားခန်းတွေကို ဒီ ကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားကြီး Harrison Ford က John အဖြစ် အထူးပါဝင်ထားခဲ့ပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြ တဲ့ Dan Stevens ၊ Omar Sy ၊ Karen Gillan စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။   ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အ ဆင့် သတ်မှတ်ထားပါတယ်။   ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၁၀၉ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားကို အမေရိကန်နဲ့ ကနေဒါမှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ သန်း ၂၀ ကြား ပြန်လည်ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။  ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှာ စတင်ပြီးတော့ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။
1 year Ago
Up