အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့မှာ မေလ ၂၁ ရက်နေ့က ကျင်းပတဲ့ The Billboard ဂီတဆုပေးပွဲမှာ ကနေဒါနိုင်ငံသား ဂီတပညာရှင် ရက်ပါ ဒရေ့ခ်က အမျိုးသမီးအဆိုတော် အဒဲလ်ရဲ့စံချိန်ကိုချိုးပြီး တညတည်း ဆုပေါင်း ၁၃ ခု ဆွတ်ခူးခဲ့ပါတယ်။
ဘီယွန်းဆေးနဲ့ တွမ်တီးဝမ်းပိုင်းလော့စ် (Twenty One Pilots) တို့က ဒီပွဲကို မတက်ရောက်ခဲ့ပေမယ့် ဆု ၅ ခုစီ ဆွတ်ခူးပါတယ်။
သည် ချိန်းစမုတ်ကာစ် (The Chainsmokers) ဂီတအဖွဲ့က "Closer" သီချင်းအတွက် ထိပ်တန်းသီချင်းဆု အပါအဝင် ဆု ၄ ခု ဆွတ်ခူးပါတယ်။
ဘလိတ်ခ်ရှယ်တွန်က အကောင်းဆုံး ကျေးလက်ဂီတပညာရှင်ဆု ဆွတ်ခူးပြီး အကောင်းဆုံး ကျေးလက်သီချင်းဆုကိုတော့ ဖလော်ရီဒါ ဂျော်ဂျီယာ လိုင်း (Florida Georgia Line) အဆိုတော် ၂ ဦးအဖွဲ့က ဆွတ်ခူးသွားပါတယ်။
အမေရိကန်အဆိုတော် ရှဲလ်က တသက်တာ စွမ်းဆောင်မှုဆုကို ရရှိသွားပါတယ်။
4 years Ago