ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အရှေ့တောင်ပိုင်း ဆမ်မွတ်ပရာကန်ခရိုင်မှာ အောက်တိုဘာ ၂၂ ရက်က Thai PTT PCL သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ PTT ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ဆေးရုံ ပို့ခဲ့တယ်လို့လည်း PTT က ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် နေအိမ်နဲ့ မော်တော်ကားတွေ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီး ပိုက်လိုင်းတွေထဲ ပို့လွှတ်မယ့် ဓာတ်ငွေ့တွေကို တားဆီး ခဲ့တယ်လို့လည်း PTT က သတင်းထုတ်ပြန်ခဲ့ပါတယ်။
PTT ဟာ သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ချိတဲ့ အများပိုင်ကုမ္ပဏီဖြစ်တယ်လို့လည်း ဝက်ဘ်ဆိုက်သတင်းတွေအရ သိရပါတယ်။
2 years Ago