Test Kit ၁ သိန်း

October 18, 2020

ကိုဗစ်-၁၉ ရောဂါ အမြန်စစ်ဆေးသည့် Test Kit ၁ သိန်းခန့် ကိုရီးယားက မြန်မာကို လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကို အမြန်စစ်ဆေးတဲ့ Rapid Antigen Diagnostic Test Kit အခုရေ ၁ သိန်းလောက် ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို မနေ့က လှူဒါန်းလိုက်ပါတယ်။ Korea Inter-national Cooperation Agency (KOICA) ကနေ လှူဒါန်းတာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅ သိန်း တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ ရောဂါစစ်ဆေးတဲ့ Standard Q COVID-19 Rapid Antigen Diagnostic Test Device အခုရေ ၉၅,၀၀၀ ဖြစ်ပါတယ်။ အဲဒီပေးအပ်ပွဲမှာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆောင်ဟွာက သူတို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်နေတုန်း ကူးစက်မှုအန္တရာယ်ကင်းကင်းနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ မျှဝေပေးခဲ့တယ်လို့ ပြောပါတယ်။ ကိုရီးယား သမ္မတနိုင်ငံအစိုးရ၊ ကိုရီးယားနိုင်ငံအခြေစိုက် ကုမ္ပဏီတွေနဲ့ လူမှုရေးအဖွဲ့အစည်း စုစုပေါင်း ၂၂ ခုက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် တန်ဖိုးရှိတဲ့ ဆေးပစ္စည်းကိရိယာနဲ့ ဓာတ်ခွဲပစ္စည်း ကိရိယာတွေ လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ Photo : Myanmaalinn
1 year Ago
Up