နာမည်ကြီး ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား ၂ လက်ဖြစ်ကြတဲ့ Colin Firth နဲ့ Stanley Tucci တို့ ဂေးစုံတွဲအနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Supernova ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။
ဒီကားကိုတော့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Harry Macqueen က ရိုက်ကူးပုံဖော်ပေး ထားခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ Sam နဲ့ Tusker အမည်ရတဲ့ ဂီတပညာရှင်နဲ့ စာရေးဆရာ လိင် တူစုံတွဲတတွဲရဲ့ ဆယ်စုနှစ်လရှည်ကြာ ဖြတ်သန်းခဲ့ရတဲ့ ဘဝဖြတ်သန်းမှုနဲ့ ဆက်နွယ်တဲ့ ချစ်ခြင်းမေတ္တာ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ထင်မှတ်မထားတဲ့ အချိုးအကွေ့၊ အလှည့် အပြောင်းတွေကို ဒရာမာဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။
ဒီကားကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က San Sebastián International Film Festival မှာ ကနဦးပြသခဲ့ပြီး ဝါရင့်သရုပ်ဆောင်မင်းသား ၂ လက်ရဲ့ သရုပ်ဆောင်မှုတွေ အပေါ် ချီးကျူးမှုတွေလည်း ရရှိထားခဲ့တာပါ။
IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.1 အထိ ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါ တယ်။
ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
လတ်တလောမှာတော့ ဒီကားကို အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ ၂၉ ရက်နေ့ စတင် ပြသမှာဖြစ်ကာ ဗြိတိန်မှာတော့ လာမယ့် မတ်လ ၅ ရက်နေ့မှာ ပြသသွားမယ်လို့ ကြေငြာ ထားပါတယ်။
2 months Ago