Students CDM

May 2, 2021

Students CDM ပြုလုပ်မည်ဟု ​မြောင်းမြပညာ​ရေး​ကောလိပ်​ကျောင်းသားများ ကြေညာ

စစ်အာဏာရှင်​အောက်မှာ တာဝန်ထမ်း​ဆောင်ဖို့ ဆန္ဒမရှိ​တဲ့ ပညာ​ရေးဝန်ထမ်းတွေ CDM လုပ်သလို Students CDM ပြုလုပ်မယ်လို့ ​မြောင်းမြပညာ​ရေး​ကောလိပ်​ကျောင်းသားများက ​မေ ၂ ရက်​နေ့မှာ ထုတ်ပြန်​ကြေညာပါတယ်။

“အကြမ်းဖက်စစ်​ကောင်စီ ပြန်လည်ဖွင့်လှစ်​ မည့်သည် သင်တန်း ​ကျောင်းများ ကိုတက်​ရောက်လိုစိတ်မရှိပါ။ ကျနော်တို့ ​ကျောင်းသား​ကျောင်းသူများသည် ​ကျောင်းထွက်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင် စနစ်​အောက်တွင် ပညာမဆည်းပူးလိုသဖြင့် ​ကျောင်းသို့ ပြန်မလာခြင်းသာဖြစ်သည့်အတွက် မည့်သည် ဖိအား​မျိုးကိုမဆို ရင်ဆိုင်လိမ့်မည် မဟုတ်ပါ” ဟု ထုတ်ပြန်​ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်တွေရဲ့ ​စေခိုင်းညွှန်ကြားမှုနဲ့ ပြန်လည်ဖွင့်လှစ်​တဲ့ ​ကျောင်းသင်တန်းတွေဟာ ​ကျောင်းသား ​ကျောင်းသူတွေ ဘ၀လုံခြုံမှု အပြည့်အဝ မရှိတဲ့အတွက် အခုလို အ​ခြေအ​နေမျိုးမှာ ​ကျောင်းကို ပြန်မလာတာလို့ ဆိုပါတယ်။

2 weeks Ago
Up