ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အိမ်ထဲမှာ နေထိုင်ရတဲ့အတွက် ကိုယ်အလေးချိန် တက်လာမှာကို စိုးရိမ်တယ်လို့ ဂျူဗင်တပ်စ် ကွင်းလယ်လူ ရမ်ဆေးက ပြောပါတယ်။
ဝေးလ်လက်ရွေးစင်ကစားသမား ရမ်ဆေးဟာ အီတလီမှာပဲ မိသားစုနဲ့အတူ ဆက်ပြီး နေထိုင်နေတာပါ။ အီတလီမှာ Lockdown ချထားတာကြောင့် အိမ်ထဲမှာပဲ နေရတာက ၂ လခန့်ရှိလာပြီး လာမယ့်မေလအထိ အိမ်ထဲမှာပဲ နေရဖို့ ရှိနေပါတယ်။
ရမ်ဆေးကတော့ သူ့ရဲ့ဇနီးက အချက်အပြုတ်ကောင်းသလို သူကိုယ်တိုင်ကလည်း အစားအသောက် ကြိုက်တတ်သူဖြစ်လို့ ကိုယ်အလေးချိန် တက်လာမှာကို စိုးရိမ်တယ်လို့ အရွှန်းဖောက်ပြီး ပြောသွားတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားတွေကို ကိုယ်ပိုင်လေ့ကျင့်ခန်းတွေလုပ်ဖို့ တာဝန်ပေးထားပေမယ့်လည်း ပွဲစဉ်တပွဲလို မကစားရတာကြောင့် ခက်ခဲတယ်လို့လည်း ရွမ်ဆေးက ပြောပါတယ်။
တပတ်လုပ်ခပေါင် ၄ သိန်းရနေတဲ့ ရမ်ဆေးဟာ မွေးရပ်မြေ ဝေးလ်နိုင်ငံက လူမှုရေးအသင်း နှစ်ခုကိုလည်း ပေါင် ၁ သောင်းစီ လှူဒါန်းခဲ့ပါတယ်။
11 months Ago