Star Wars: The Rise of Skywalker

December 18, 2019

နာမည်ကြီးရုပ်ရှင် Star Wars: The Rise of Skywalker ဒီဇင်ဘာ ၂၀ ရုံတင်မည်(ရုပ်ရှင်နမူနာ)

ကြယ်တာရာစစ်ပွဲများလို့ သိကြတဲ့ Epic Space-opera အမျိုးအစားရုပ်ရှင်-Star Wars: The Rise of Skywalker ကို လာမယ့် ဒီဇင်ဘာလ ၂၀ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိ ကန်ရုပ်ရှင်ဒါရိုက်တာ J. J. Abrams က ရိုက်ကူးပုံဖော်ပေး ထားပြီး Lucasfilm နဲ့ Bad Robot Productions တို့က တင်ဆက်လိုက်တာ ဖြစ်ပါ တယ်။ Star Wars ရုပ်ရှင်ကားတွေလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက အာကာသထဲက စွန့်စားမှုအသားပေး အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ အက်ရှင်နဲ့ သိပ္ပံဆန်းကြယ် ဇာတ်လမ်းဇာတ်ကွက်တွေကို ပြေးမြင်မိကြမှာပါ။ ဒီကားကတော့ Sequel trilogy အနေနဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Force Awakens ၊ ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးထွက်ရှိထားတဲ့ The Last Jedi ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ The Last Jedi ထဲက အဖြစ်အပျက်တွေအပြီး အချိန်တနှစ်အကြာ First Order နဲ့ နောက်ထပ်တကြိမ် ရင်ဆိုင်ကြရဦးမယ့် Rey ၊ Finn နဲ့ Poe Dameron တို့ရဲ့ ခရီးကြမ်းနဲ့အတူ နောက်ဆုံး စစ်ပွဲကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Carrie Fisher ၊ Mark Hamill ၊ Adam Driver ၊ Daisy Ridley ၊ John Boyega ၊ Oscar Isaac တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။  ကြာမြင့်ချိန် ၁၄၂ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ် အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ် မှတ်ထားပါတယ်။  IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။  ဒီရုပ်ရှင်ကားအတွက် ကြိုတင်လက်မှတ်တွေကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကတည်းက စတင်ရောင်းချခဲ့ပြီး Box Office မှာတော့ ရုံတင်ပြသမယ့် ပထမ သီတင်းပတ်မှာတင် ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၅ သန်းနီးပါး ရရှိနိုင်မယ်လို့ ခန့် မှန်းထားကြပါတယ်။
2 years Ago
Up