SPA

March 8, 2019

နယူးယောက်တွင်ဖွင့်လှစ်သည့် ဦးခေါင်းနှိပ် ဂျပန် SPA ဖွင့်ဖွင့်ချင်း ဧည့်သည် ၄ သိန်းကျော်ရှိ

ဂျပန်နိုင်ငံက နာမည်ကြီး ဦးခေါင်းနှိပ်နယ်ပေးတဲ့ SPA တခုဟာ နယူးယောက်မြို့မှာ မတ်လ ၁ ရက်နေ့က ပထမဆုံး လာရောက်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ဖွင့်ချင်းမှာပဲ စာရင်းပေးထားတဲ့ ဧည့်သည်အရေအတွက် လေးသိန်းသုံးသောင်းကျော် ရှိခဲ့ပါတယ်။ ဂိုကူးလို့ အမည်ရတဲ့ အဲဒီ SPA ထဲကို ဝင်လိုက်တာနဲ့ အိပ်မက်ဆန်တဲ့ အပြင်အဆင်တွေနဲ့ ဧည့်သည်တွေကို ဆွဲဆောင်ထားပါတယ်။ ဒီအလုပ်ကို စလုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက နယူးယောက်မှာ ဆိုင်ဖွင့်ချင်ခဲ့တာလို့ ဂိုကူးစလွန်းရဲ့ ဥက္ကဋ္ဌ အာဆူမီကာနဲဒါက ပြောပါတယ်။ အိပ်ပျော်ဖို့ ခက်ခဲတဲ့လူတွေကို အဓိက ဝန်ဆောင်မှုပေးချင်တာဖြစ်ပြီး နယူးယောက်မြို့က လူတွေဟာ စိတ်ဖိစီးမှုများကြတယ်လို့ သူက ဆက်ပြောပါတယ်။ ဂျပန်မှာတော့ ဂိုကူးနို ခီမိုချီလို့ အမည်ပေးထားတဲ့ အဲဒီ SPA ပထမဆုံးဆိုင်ခွဲကို လွန်ခဲ့တဲ့ ၁၀ နှစ်က ကျိုတိုမြို့မှာ ဖွင့်လှစ်ခဲ့ပြီး လက်ရှိ တနိုင်ငံလုံးမှာ စုစုပေါင်း ဆိုင်ခွဲလေးဆိုင် ဖွင့်လှစ်ထားပါတယ်။
2 years Ago
Up