Soyuz-2 အာကာသယာဉ်

February 2, 2018

Soyuz-2 အာကာသယာဉ် ရုရှား လွှတ်တင်

ရုရှားနိုင်ငံဟာ ဆိုင်ယုဇ်-တူး (Soyuz-2) အာကာသယာဉ်ကို နိုင်ငံအရှေ့ဖျားမှာရှိတဲ့ အာကာသယာဉ်လွှတ်တင်ရေးစခန်းသစ်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။ အာကာသယာဉ်ကို  အာမာဒေသမှာရှိတဲ့ ဘော်စတိုချနီစခန်းကနေ လွှတ်တင်လိုက်တာပါ။ အဲဒီအာကာသယာဉ်မှာ ဂျာမနီနဲ့ အမေရိကန်နိုင်ငံက ဂြိုဟ်တု ၁၁ လုံး ပါသွားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဆိုင်ယုဇ်-တူး အာကာသ ယာဉ်ကို ရုရှား၊ နော်ဝေ၊ ဆွီဒင်၊ အမေရိကန်၊ ဂျပန်၊ကနေဒါနဲ့ ဂျာမနီနိုင်ငံတို့က မိုးလေ၀သ၊ သိပ္ပံ၊ သုတေသနနဲ့ စီးပွားရေးဆိုင်ရာ  ဂြိုဟ်တုတွေထဲ့ပြီး လွှင့်တင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီလို မအောင်မြင်ခဲ့တာဟာ လူ့အမှားကြောင့်လို့ ရုရှားအာကာသ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
4 years Ago
Up