Social Punishment

March 6, 2021

မိုး​ကောင်းမြို့​တွင် ရဲနှင့်စစ်သားကို ​စျေးမ​ရောင်ရန် Social Punishment ပြုလုပ်

ကချင်ပြည်နယ် မိုးကောင်းမြို့ က ​​စျေးဆိုင်​တွေမှာ ရဲနဲ့ စစ်သားအပြင် CDM မှာ မပါ​သေးတဲ့ ၀န်ထမ်း​တွေကို​ စျေးမ​ရောင်းဖို့ Social Punishment (လူမှုရေးပြစ်ဒဏ်) ပြုလုပ်​နေကြပါတယ်။

မိုး​ကောင်းမြို့ရှိ ကုန်စုံဆိုင်၊ ဆန်ဆိုင်၊ စား​သောက်ဆိုင်၊ သားငါးဆိုင်၊ အလှပြင်ဆိုင်နဲ့ လူသုံးကုန်ဆိုင်​တွေက အခုလို Social Punishment ပြုလုပ်​နေကြတာပါ။

“အာဏာသိမ်းစစ်အုပ်စုကို​ ထောက်ခံသူ​တွေ၊ နိုင်ငံ​တော်ပုန်ကန်မှုကို အား​ပေးသူ မည်သူမဆို ယဥ်​ကျေးတဲ့ လူမှုအသိုင်းအဝိုင်းက ဖယ်ကျဥ်ဖို့ တာ၀န်ရှိ​တယ်” လို့ ဆန်ဆိုင်ပိုင်ရှင်တဦးက ​ပြောပါတယ်။

မိုး​ကောင်းမြို့ရှိ ​စျေးဆိုင်အများစုက Social Punishment ပြုလုပ်နေကြပြီး မ ပြုလုပ်​သေးတဲ့​ စျေးဆိုင်အချို့လည်းရှိပါတယ်။ ​နောက်ပိုင်း အဲဒီ​စျေးဆိုင်​တွေကိုလည်း Social Punishment ပြုလုပ်သွားမယ်လို့ သိရပါတယ်။

9 months Ago
Up