Social Distancing

A d v e r t i s e m e n t With Us

July 11, 2020

ချောက်စာသင်ကျောင်းများတွင် Social Distancing အညီ အချိန်ခွဲခြား သင်ကြားမည်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကိုဗစ်-၁၉ ကာလအတွင်း မကြာမီ ပြန်လည်ဖွင့်လှစ်တော့မယ့် အခြေခံပညာစာသင်ကျောင်းများမှာ Social Distancing အညီ စာသင်ကြားနိုင်ဖို့ စာသင်ခန်းလိုအပ်ချက်ပေါ် မူတည်ပြီး အချိန်ခွဲခြား သင်ကြားသွားမယ်လို့ မြို့နယ် ပညာရေးမှူးရုံးက ပြောပါတယ်။ “လာမယ့် ဇူလိုင် ၂၁ ဆိုရင် ကျောင်းတွေစတက်ပြီ။ အဲဒီအခါမှာ ကျောင်းမှာရှိတဲ့ စာသင်သားဦးရေနဲ့ ကျောင်းမှာရှိတဲ့ ကျောင်းခန်း၊ တစ်ခန်း ၂၀ နှုန်းထားမှာဖြစ်လို့ မမျှဘူးဆိုရင် တသုတ်တက်၊ နှစ်သုတ်တက်၊ လေးသုတ်တက် ဆိုပြီးတော့ အစီအစဥ်တွေ ဆွဲထားပြီးဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးတွေကိုလည်း သိပြီးသား ဖြစ်ပါတယ်။ စာသင်ခန်း အခြေအနေနဲ့ အချိန်ဇယားတွေလည်း ဆွဲပြီးသားဖြစ်လို့ အခက်အခဲ မရှိပါဘူး” လို့ မြိုနယ်ပညာရေးမှူရုံး ဒုပညာရေးမှူး ဦးနေမျိုးအောင်က ပြောပါတယ်။ ကိုဗစ်-၁၉ ကာလ စာသင်​ကျောင်းများကို Social Distancing နဲ့အညီ ဖွင့်လှစ်နိုင်ရေး မြို့နယ်အတွင်း စာသင်ကျောင်းများကိုလည်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး လိုက်လံစစ်ဆေးနေ​သလို ကျောင်းသား ကျောင်းသူတွေနဲ့ မိဘတွေကလည်း ကိုဗစ်-၁၉ နဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ချောက်မြို့နယ်အတွင်း ကျောင်း စုစုကျောင်း ၂၀၁ ကျောင်းရှိပြီး၊ အထက်တန်းအဆင့်ကို ကျောင်းအပ်နှံရေး သီတင်းပတ် ဇူလိုင် ၁၃ မှ ၁၇ ရက်၊ အလယ်တန်းအဆင့်ကို ဇူလိုင် ၂၇ မှ ၃၁ ရက်၊ မူလတန်းအဆင့်ကို သြဂုတ် ၄ ရက်မှ ၇ ရက်ထိ စတင်လက်ခံသွားမယ်လို့ သိရပါတယ်။ ချောက်မြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၂၀၁ ကျောင်းကို ကိုဗစ်-၁၉ ကာလအတွက် အပူချိန်တိုင်းကိရိယာ၊ ကျောင်းသား တစ်ဦးချင်းစီအတွက် Face shield တစ်ခု Mask နှစ်ခုစီနဲ့ အသိပေး ပိုစတာများကိုလည်း စတင်ဝေငှပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကိုလင်း(ချောက်)
8 months Ago

Social Distancing နှင့်အညီ ဇူလိုင် ၁၃ ရက် အခြေခံပညာအထက်တန်းအဆင့် ကျောင်းအပ် လက်ခံမည်

ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ အခြေခံပညာအထက်တန်းအဆင့်က ကျောင်းတွေမှာ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး ကျောင်းတွေအနေနဲ့လည်း ကျောင်းအပ်လက်ခံဖို့ကို သေချာပြင်ဆင်ထားတယ်လို့ သိရပါတယ်။  မြန်မာတနိုင်ငံလုံးက အခြေခံပညာအထက်တန်းကျောင်းတွေမှာ ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့မှာတော့‌ ကျောင်းစတက်ရမှာပါ။  ကျောင်းအပ်လက်ခံဖို့ကို ကျောင်းတွေအနေနဲ့ လူစုလူဝေး ရှောင်ရှားတဲ့ Social Distancing နဲ့အညီ လုပ်ဆောင်မှာဖြစ်ပြီး ၉ တန်း ၅ ခန်းနဲ့ ၁၀ တန်း ၅ ခန်း စုစုပေါင်း ၁၀ ခန်းခွဲပြီး ကျောင်းအပ်ရမှာပါ။‌  ကျောင်းလာအပ်ရာမှာလည်း Mask တပ်လာရမှာဖြစ်ပြီး မပါလာခဲ့ရင်တော့ ကျောင်းကပေးဖို့ ပြင်ဆင်ထားပြီး ကျောင်းအဝင်အဝမှာလည်း Mask တပ်ပြီး၊ လက်ဆေးပြီးမှ ဝင်ပါဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ကပ်ထားတယ်လို့ ဗိုလ်တထောင် အ.ထ.က ၂ ကျောင်းအုပ် ဒေါ်မူမူသန်းက ပြောပါတယ်။ ကျောင်းတွေမှာ ကျောင်းအပ်လက်ခံဖို့ ကျောင်းရဲ့အဝင်အဝမှာ တာဝန်ကျဆရာ၊ ဆရာမတွေက အပူချိန်တိုင်းတာတွေ၊ Mask တပ်တာတွေ၊ လက်ဆေးဖို့ကို ညွှန်ကြားတာတွေကို‌ ဆောင်ရွက်မှာပါ။ ပုံနှိပ်စာအုပ် ထုတ်ယူဖို့ကိုလည်း အတန်းအလိုက် သက်ဆိုင်ရာ ဘာသာရပ်အတွဲတွေကို အဆောင် နှစ်ဆောင်ခွဲပြီး ထားရှိမှာပါ။ ဒါ့အပြင် ကျောင်းလာအပ်ရာမှာလည်း သတ်မှတ်ထားတဲ့နေရာတွေမှာ Social Distancing လုပ်ဖို့ကိုလည်း စနစ်တကျ ညွှန်ကြားဖို့ လုပ်ဆောင်နေပါတယ်။ ခင်ငြိမ်းချမ်း
8 months Ago

July 10, 2020

ကျောင်းကားအားလုံး Social Distancing နှင့်အညီပြေးဆွဲရန် ညွှန်ကြား

YRTA ကျောင်းကားအပါအဝင် ကျောင်းကားအားလုံး ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက် ဖြစ်တဲ့ Social Distancingနဲ့ အညီပြေးဆွဲဖို့ ညွှန်ကြားထားတယ်လို့ YRTA က ပြောပါတယ်။  ဇူလိုင်လကနေစတင်ဖွင့်လှစ်မယ့် အခြေခံပညာကျောင်းတွေအတွက် ကိုဗစ်-၁၉ ကာလ ဖြစ်နေတာကြောင့် ကျောင်းသားတွေကိုပို့ဆောင်ပေးမယ့် ကျောင်းကားတွေအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားချက်တွေအတိုင်း လိုက်နာပြေးဆွဲရမှာပါ။  YRTA က ပြေးဆွဲမယ့် ကျောင်းကား ၁၀၇ စီးအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့အညီ နှစ်ယောက်တွဲထိုင်ခုံတွေမှာ ကျောင်းသားတစ်ဦးသာထိုင်ခိုင်းမှာဖြစ်သလို  စာသင်ကျောင်းတွေမှာ ပြေးဆွဲမယ့် ပုဂ္ဂလိကကျောင်းကားတွေအတွက်လည်း  ကျန်းမာရေးဝန်ကြီး ဋ္ဌာနက ညွှန်ကြားချက်တွေ ထုတ်ထားတယ်လို့ YRTA အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ကျောင်းကားပိုင်ရှင်တွေအနေနဲ့ ပုဂ္ဂလိကကျောင်းကားတွေကို လူဦးရေတဝက်သာတင်ဖို့ ညွှန်ကြားထားတဲ့အတိုင်း YRTA ကျောင်းကားတွေလည်း အများနည်းတူ လုပ်ဆောင်ပေးဖို့ ပြောဆိုထားတာရှိပါတယ်။  ကိုဗစ်ကာလအတွင်း ပြေးဆွဲမယ့်ပုဂ္ဂလိကကျောင်းကားတွေအားလုံးကို အုံနာဘုတ်မှာ သတ်မှတ်ထားတဲ့ လူဦးရေရဲ့ တဝက်သာတင်ဖို့ ညွှန်ကြားထားသလို အခက်အခဲတွေရှိပေမယ့် ဈေးနှုန်းကတော့ အရင်သတ်မှတ်ဈေးနှုန်းအတိုင်းသာ ယူမယ်လို့ ကျောင်းကားလုပ်ငန်းရှင် ဒေါ်နွယ်နီခင်လေးက ပြောပါတယ်။ YRTA အနေနဲ့ ကျောင်းဖွင့်လာမယ့်အခြေအနေနဲ့ ထုတ်ပြန်လာမယ့် အခြေအနေတွေကို မူတည်ပြီး ကျောင်းဖယ်ရီခကိုသတ်မှတ်မှာဖြစ်သလို အမြတ်အစွန်းအတွက် မရည်ရွယ်ထားဘူးလို့ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။ ကျောင်းဖယ်ရီကားတွေဟာ အရင်ထဲက လူကြပ်အောင်တင်လေ့ရှိတာကြောင့် ရောဂါဖြစ်ပွား နေတဲ့ကာလဖြစ်လို့ ကျောင်းသားမိဘတွေအနေနဲ့ရောဂါကူးစက်မှာ စိုးရိမ်မှုရှိနေသလို ဖယ်ရီခဈေး မတက်ဘဲ လူကျဲကျဲတင်ပေးဖို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာရန်ကုန်မြို့မှာ တရားဝင်ပြေးဆွဲနေတဲ့ ကားအစီးရေ ၁၀၇၉ စီး ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။
8 months Ago
More News
Up