Sky Sport သတင်းဌာနကလုပ်တဲ့အမေးအဖြေပြိုင်ပွဲမှာ မာရက်ဇ်ရဲ့ အဖြေကြောင့် မန်ချက်စတာစီးတီးမှာ နှစ်အတော်ကြာကစားလာခဲ့တဲ့ အဓိက ကစားသမားနှစ်ဦး အသင်းကနေ ရာသီကုန်မှာထွက်ခွာဖို့ ရှိတယ်ဆိုတာကို သိရှိသွားပါတယ်။
အဖွဲ့အေနဲ့ဘီဆိုပြီး အမေးအဖြေယှဉ်ပြိုင်ခဲ့တာမှာ သတင်းတင်ဆက်သူရဲ့မေးခွန်းကို မှားဖြေခဲ့တဲ့အပြင် အဖွဲ့ဘီက မန်ဒီပြုံးစိစိဖြစ်နေတာကို ကြည့်ပြီး သုံးသပ်နေကြတာဖြစ်ပါတယ်။
မန်စီးတီးကစားသမား ဖာနန်ဒင်ဟိုဟာ အသက်၃၄နှစ်ရှိနေပြီဖြစ်လို့ အကျပိုင်းကိုရောက်ရှိနေတဲ့အပြင် စာချုပ်သစ်ကို သက်တမ်းထပ်တိုးခြင်းမရှိတာကို သုံးသပ်ပြီး ကစားသမားဘ၀ကနေ အပြီးအနားယူနိုင်ဖွယ်ရှိနေလို့ ထင်ကြေးပေးနေကြတာပါ။
ဒီဘရာဇီးလ်သားဟာ၂၀၁၃ခုနှစ်က ရှက်တာဒိုးနက်စ်ကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ချန်ပီယံဆုအတွက် အဓိက အခန်းကဏ္ဍကနေ ပါ၀င်ခဲ့ပါတယ်။
အလားတူ မန်စီးတီးရဲ့ အဓိက ကစားသမားတဦးဖြစ်တဲ့ ဆေးလ်ဗားဟာလည်း ဒီရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ဒေးလီးမေလ်သတင်းစာကို ပြောကြားထားပါတယ်။
1 year Ago