Sinovac

November 22, 2021

တရုတ်က လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်း ၃ သုတ်ခွဲရောက်ရှိ

တရုတ်နိုင်ငံကလှူဒါန်းတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်းဟာ ၃ သုတ်ခွဲပြီး ရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့  စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃၁သန်းရှိခဲ့ပြီး မိတ်ဆွေနိုင်ငံတွေက လှူဒါန်းလာတဲ့ ကာကွယ်ဆေး ၉ သန်းကျော်နဲ့ စုစုပေါင်း ကာကွယ်ဆေးသန်း ၄၀ ကျော် ရရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅၁၈,၀၀၀ နီးပါးနဲ့ သေ ဆုံးသူ ၁၉,၀၀၀ ကျော်ရှိခဲ့ပြီလို့ ဖော်ပြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု အခြေအနေတွေကို စောင့်ကြပ် ကြည့်ရှုနေပြီး အပတ်စဉ်အလိုက်   ဓာတ်ခွဲအ တည်ပြုလူနာ  တွေ့ရှိမှုနဲ့  ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းတွေဟာ  ၅ ရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းလာတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လခွဲ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၁၅ သန်း ကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည် သူတွေကြား မှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက် ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

အခုနှစ်ကုန်မှာတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောထားပါတယ်။

2 weeks Ago

November 21, 2021

တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ထပ်မံရောက်ရှိ

တရုတ်နိုင်ငံကလှူဒါန်းတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ဒုတိယအသုတ်အနေနဲ့ ထပ်မံရောက်ရှိလာခဲ့တယ်လို့  စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်ညပိုင်းက ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာကို ကာကွယ်ဆေး ၃ သန်း လှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၂ သုတ်ခွဲကာ ၂ သန်း ပို့ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅၁၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၉,၀၀၀ ကျော်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု အခြေအနေတွေကို စောင့်ကြပ် ကြည့်ရှုနေပြီး အပတ်စဉ်အလိုက်   ဓာတ်ခွဲအ တည်ပြုလူနာ  တွေ့ရှိမှုနဲ့  ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းတွေဟာ  ၅ ရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းလာတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လခွဲ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေတာပါ။

More News
Up