Set It Up

June 13, 2018

လေးပွင့်ဆိုင် အချစ်နဲ့ ဟာသ ဒရာမာအမျိုးအစား ဟောလိဝုဒ်ရုပ်ရှင် - Set It Up (နမူနာ)

ဟောလိဝုဒ် ရုပ်ရှင်ကားတကားဖြစ်တဲ့ လေးပွင့်ဆိုင် အချစ်နဲ့ ဟာသ ဒရာမာအမျိုးအစား Set It Up ရုပ်ရှင်ကို လာမယ့် ဇွန်လ ၁၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမျိုးသမီးဒါရိုက်တာ ကလဲရာစကဲန်လွန်က ရိုက်ကူးထားတာဖြစ်ပြီး အချစ်နဲ့ ဟာသ ဒရာမာပုံစံ လေးပွင့်ဆိုင်ဇာတ်လမ်းတခု အနေနဲ့ ရိုက်ကူးထားခဲ့တာပါ။ ဇာတ်လမ်းကတော့ ဒေါသတကြီးနဲ့ ဆက်ဆံရခက်တဲ့ အလုပ်ရှင်သူဌေး ၂ ယောက်နဲ့ သူတို့ဆီမှာ လုပ်ခလစာငွေ နည်းနည်းနဲ့ ဖိအားများတဲ့အလုပ်တွေ လုပ်နေကြရတဲ့ လက်ထောက် ၂ ယောက် အကြောင်းပါ။ နောက်ပိုင်းမှာတော့ လက်ထောက် ၂ ယောက်က ဆိုးဝါးလွန်းတဲ့ သူတို့ရဲ့ အလုပ်ရှင်သူဌေး ၂ ယောက်ကို အဆင်ပြေစေဖို့ ဆုံတွေ့ပေးနိုင်ရေး ကြိုးစားကြချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဇိုဝီဒို့ဂ်ျ၊ ဂလဲန်ပေါဝဲလ်၊ တေရီဒစ်ဂ်စ်နဲ့ လူစီလျူးတို့က အတွဲညီညီ ပါဝင်ထားကြပါတယ်။
3 years Ago
Up