SDF

July 30, 2021

ပုသိမ် စည်ပင်ရုံးနား ဗုံးဖောက်ခွဲခဲ့ကြောင်း SDF ပြော

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်စည်ပင်ရုံးနားမှာ ဇူလိုင် ၂၉ ရက်နေ့ညက ဗုံး ၁ လုံး ထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စည်ပင်ရုံးနောက်ဘက်နဲ့ မကျီးပင်တန်းရဲကင်းကြားမှာ ည ၈ နာရီကျော်လောက်က ဗုံးဖောက်ခွဲခဲ့တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး (SDF) က DVB ကို ပြောပါတယ်။

“ခွဲတာတော့ ၈ နာရီကျော်လောက်မှခွဲတာ စည်ပင်ရုံးနဲ့ ရဲကင်းလမ်းကြားပေါ့၊ မနက်ကလို ဖုန်းဆက်ပြီး ခွဲတာပါ” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်းမှာ ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီက တပ်သားတွေရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူထိခိုက်သေဆုံးမှု ရှိမရှိ ဆိုတာကိုတော့ အတည်အကျ မသိရသေးပါဘူး။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ၁၁ ကြိမ်ထိရှိပြီလို့ ပုသိမ်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

4 months Ago
Up