Scoob!

A d v e r t i s e m e n t With Us

April 23, 2020

နာမည်ကြီး အဲန်နီမေးရှင်းရုပ်ရှင်-Scoob!ကို အွန်လိုင်းက ပြသမည်(ရုပ်ရှင်နမူနာ)

နာမည်ကြီး အဲန်နီမေးရှင်းရုပ်ရှင်ကားတကားဖြစ်တဲ့ Scoob! ကို ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ့်အစား အွန်လိုင်းကတဆင့် တိုက်ရိုက် Stream ပြသသွားမယ်လို့ သိရပါတယ်။ Warner Bros. Pictures ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိမယ့် ဒီရုပ်ရှင်ကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Tony Cervone က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ငယ်ဘဝဇာတ်ကောင် Scooby Doo နဲ့ သူ့ရဲ့ သခင်ဖြစ်တဲ့ Shaggy တို့ရဲ့ နောက်ခံဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။  သူတို့ဟာ နောက်ပိုင်း Fred ၊ Daphne ၊ Velma တို့နဲ့ရင်းနှီးခင်မင်သွားခဲ့ကြပြီး Mystery Inc ဖြစ် ပေါ်လာပုံနဲ့ တစ္ဆေခွေးကြီး Cerberus နိုးထမလာအောင် တားဆီးကြတဲ့ အကြောင်းတွေ ကို စွန့်စားမှုအသားပေး စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာပါ။ ဒီကားကို အစကတော့ လာမယ့် မေလ ၁၅ ရက်နေ့မှာ ရုံတင်ပြသဖို့ ကြေညာထားတာပါ။ ဒါပေမယ့် လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု အန္တရာယ်ကြောင့်မို့လို့ ကမ္ဘာတဝန်း ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ရတာမို့ ရုံတင်ပြသမယ့် အစား အွန်လိုင်းပေါ်ကနေ Direct Streaming ကြည့်ရှုနိုင်မယ့် အစီအစဉ်အနေနဲ့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ လတ်တလောကာလမှာတော့ ကျောင်းတွေ၊ အလုပ်တွေကို ပိတ်ထားရပြီး နေအိမ်မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်နေကြရတဲ့ အချိန်ဖြစ်တာ မို့ ကလေးတွေရဲ့ အသည်းကြော် Scoob ! ရုပ်ရှင်ကို ကြည့်ရှုမှုနှုန်း အတိုင်းအတာ တခုထိ ရှိလာနိုင်မယ်လို့လည်း မျှော်လင့်ထားတယ်လို့ Warner Bros. Pictures ရဲ့ စီအီးအို  Ann Sarnoff က ဆိုပါတယ်။ ဒီကားကို Premium Video On Demand အနေနဲ့ အချိန် ၄၈ နာရီစာအတွက် အမေရိကန်ဒေါ်လာ ၂၀ လောက် နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
11 months Ago
Up