Saturday Night Fever

June 2, 2017

Saturday Night Fever ဇာတ်ကားမှ ကပွဲကြမ်းပြင် လေလံတင်ရောင်းမည်

နာမည်ကြီး သရုပ်ဆောင် ဂျွန်ထရာဗိုတာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့  "Saturday Night Fever" ဇာတ်ကားရိုက်ကူးရာ ကပွဲကြမ်းပြင်ကို ရှေ့လမှာ လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အဲဒီကပွဲကြမ်းပြင်ကို ၁၉၇၇ ခုနှစ် ရုပ်ရှင်မှာ အသုံးပြုခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ သန်းခွဲအထိ ရနိုတယ်လို့ လေလံသမားတွေက ပြောကြားပါတယ်။ ကပွဲကြမ်းပြင်ဟာ ၂၄ ပေ  ၁၆ ပေ အကျယ်အဝန်းရှိပြီး ဂီတစည်းချက်နဲ့အညီ အနီ၊ အပြာ၊ အဝါ မီးတွေလင်းတဲ့ အကွက်ငယ်တွေ ပါဝင်ပါတယ်။ အဲဒီကပွဲကြမ်းပြင်ကို နာမည်ကျော် ကခန်းတွေ ရိုက်ကူးဖို့ ဘရွတ်ကလင်မြို့က ကလပ်ငယ်တခုမှာ ထားရှိခဲ့ပါတယ်။ ကပွဲကြမ်းပြင်ကို လာမယ့် ဇွန်လ ၂၆ ရက်ကနေ ၂၈ ရက်အတွင်း လော့စ်အိန်ဂျလိစ်မြို့ လေလံပြပွဲမှာ ခင်းကျင်းရောင်းချသွားမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up