S-400

January 26, 2020

ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ် ခြိမ်းခြောက်မှုမဖြစ်ဟု တူရကီပြော

ရုရှားရဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ နေတိုးအတွက်ရော နေတိုးနဲ့ မဟာမိတ်တွေအတွက်ပါ ဘယ်လို ခြိမ်းခြောက်မှုမှ ဖြစ်စေမှာ မဟုတ်ဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလစ်ရှာဘူရှိုဂလူက ပြောလိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်က ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နှစ်စဉ် ကျင်းပနေကျ အစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ ခုလို ပြောလိုက်တာပါ။ နေတိုးအဖွဲ့ကို တိုးချဲ့ဖို့နဲ့ ဂျော်ဂျီယာနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ထပ်ပေါင်းထည့်ဖို့ကိုလည်း သူက ဆော်သြပါတယ်။ “အိမ်နီးချင်းအနေနဲ့ ရုရှားနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေး ရှိတဲ့အတွက် ကျနော်တို့ အဝေဖန် ခံနေရတယ်။ ဒါပေမဲ့ ရုရှားကို ရန်မစချင်တဲ့အတွက် အနောက်ဥရောပ မိတ်ဖက်နိုင်ငံတွေက ဂျော်ဂျီယာကို ဖိတ်ခေါ်ဖို့ သဘောမတူ ဖြစ်နေကြတယ်။ ဒါပေမဲ့ ဂျော်ဂျီယာဟာ ကျနော်တို့ကို လိုအပ်ပါတယ်။ ကျနော်တို့ကလည်း ဂျော်ဂျီယာနိုင်ငံလို မိတ်ဖက် လိုအပ်တယ်။ ဒါကြောင့် နေတိုးအဖွဲ့ကို တိုးချဲ့ဖို့လိုအပ်ပြီး ဂျော်ဂျီယာဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသင့်တယ်” လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
2 years Ago

April 14, 2019

S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ရုရှားအစိုးရ တပ်ဆင်

ခရိုင်းမီးယား ကျွန်းဆွယ်က စီဗက်စတိုပိုမြို့ရဲ့ အဓိက ရင်ပြင်မှာ ရုရှား အစိုးရက S-400 ဒုံးကျည် ကာကွယ်ရေး စနစ်ကို ဧပြီ ၁၂ ရက်က တပ်ဆင်ချထားလိုက်ပါတယ်။ ပန့်စီယာ S1 လို့ခေါ်တဲ့ တာတိုနဲ့ တာလတ်ပစ် လေယာဉ်ပစ် အမြောက် စနစ်အပြင် တခြား စစ်သုံးပစ္စည်းတွေကိုလဲ ဒေသခံတွေကို ခင်းကျင်း ပြသခဲ့ပါတယ်။ ရုရှားအစိုးရဟာ S-400 မြေပြင်က ဝေဟင်ပစ် ဒုံးကျည် တွေကို ၂၀၁၇ မှာ ဖှေအိုဒိုစီးယား ဆိပ်ကမ်းနားမှာလည်း  တပ်ဆင်ထားတာပါ။ ၂၀၁၈ မှာတော့ စီဗက်စတိုပို၊ ယဲ့ဗ်ပါတိုရီးယားနဲ့ စခန့်ကီ မြို့တွေမှာ တပ်ချခဲ့ပါတယ်။ ထရိုင်းယန့်ပ်လို့ သိကြတဲ့ S-400 စနစ်ဟာ ကီလိုမီတာ ၄၀၀ အကွာ လေထဲက ပစ်မှတ်တွေကို ပစ်ချနိုင်ပါတယ်။ ကီလို ၆၀အကွာက ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ပစ်ချနိုင်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားဟာ ၂၀၁၄မှာ ခရိုင်းမီးယား ဒေသကို ကျူျးေကျာ် သိမ်းပိုက်ခဲ့တာကြောင့် အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေ အကြား စစ်အေးခေတ် နောက်ပိုင်း အဆိုးဆုံး အဆင့်ထိ ဆက်ဆံရေး ကျဆင်းခဲ့ပါတယ်။
3 years Ago
Up