ROBISIS

April 26, 2018

သုံးစွဲရန်မသင့်သည့် ROBISIS အလှကုန်ပစ္စည်း ၃ မျိုး FDA ထုတ်ပြန်

မလေးရှားနဲ့ ထိုင်းနိုင်ငံထုတ် ROBISIS အလှကုန်ပစ္စည်း ၃ မျိုးကို သုံးစွဲဖို့ မသင့်တဲ့ကြောင်း  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)က ကြေညာ ပါတယ်။ မလေးရှားနိုင်ငံ Sky Resources ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံ Cosmaprof ကုမ္ပဏီတို့မှ ထုတ်လုပ်ပြီး မလေးရှားနိုင်ငံ Yon Sing ထရိတ်ဒင်းကုမ္ပဏီက တင်ပို့တဲ့ ROBISIS အမှတ်တံဆိပ် ROBISIS Fade-out Cream Day Cream၊ ROBISIS Whitening Cream Night Cream၊ ROBISIS Anti-Acne Whitening Day & Night Cream စတဲ့ အလှကုန်ပစ္စည်း ၃ မျိုးကို မသုံးစွဲကြဖို့ ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းနဲ့ အွန်လိုင်းမှာ ဖြန့်ဖြူးရောင်းချနေတဲ့ အဆိုပါ ROBISIS အလှကုန်ပစ္စည်း ၃ မျိုးကို စစ်ဆေးရာမှာ တားမြစ် ဓာတုပစ္စည်း မာကျူရီတွေ ပါဝင်နေကြောင်း ဓာတ်ခွဲတွေ့ရှိခဲ့တယ်လို့ FDA ဆိုပါတယ်။ အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီဟာ အရေးပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူ အနီကွက်တွေ ဖြစ်တာနဲ့ အရေးပြားကတဆင့် ခန္ဓာကိုယ်တွင်းကို စုပ်ယူပြီး ထုံကျဉ်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ပါတယ်။
3 years Ago
Up