Robin Hood

May 10, 2018

စွန့်စားမှုအသားပေး ဒဏ္ဍာရီသူရဲကောင်းရုပ်ရှင်-Robin Hood 2018 (နမူနာ)

စွန့်စားမှုအသားပေး ဒဏ္ဍာရီသူရဲကောင်းရုပ်ရှင် Robin Hood (2018) ကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကတော့ အထူးပြောစရာလိုမယ် မထင်ပါဘူး။ နာမည်ကြီး ဒဏ္ဍာရီသူရဲကောင်း ရော်ဘင်ဟုဒ်ဝတ္ထုကို အခြေပြုပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ စွန့်စားမှုအသားပေး Action-Adventure ရုပ်ရှင်ကားဖြစ်တဲ့ ဒီကားကိုတော့ ဒါရိုက်တာ အော့တိုဘားသာ့စ်ထ်က ရိုက်ကူးထားခဲ့တာပါ။ ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရော်ဘင်ဟုဒ်အဖြစ် Kingsman ရုပ်ရှင်နဲ့ လူသိများတဲ့ သရုပ်ဆောင်မင်းသား တဲရွန်အက်ဂါတန်က ဦးဆောင်ပါဝင်ထားပါတယ်။ ရော်ဘင်ဟုဒ်ရဲ့ အကောင်းဆုံးသူငယ်ချင်း Little John နေရာမှာတော့ အမေရိကန်မင်းသား ဂျေမီဖောက်စ်က သရုပ်ဆောင်ထားပြီး အိုင်းရစ်ခ်ျမင်းသမီး အိဗ်ဟျူဆန် ကလည်း အတူပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို အက်ရှင်ပြကွက်တွေ ပါဝင်နေတာမို့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူ မပါဝင်ဘဲ မကြည့်သင့်တဲ့ ရုပ်ရှင်ကား PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။
3 years Ago
Up