Remdesivir ဆေး

A d v e r t i s e m e n t With Us

May 2, 2020

COVID-19 အရေးပေါ်လူနာများကို Remdesivir ဆေးဖြင့်ကုသရန် အမေရိကန် FDA အတည်ပြု

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးအဖွဲ့ FDA ဟာ COVID-19 လူနာတွေကို ကုသဖို့ Gilead Sciences ကုမ္ပဏီရဲ့ Remdesivir  ဆေးကို အတည်ပြုချက်ပေးလိုက်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။  ဒီဆေးကို ကိုဗစ်နိုင်တင်းလူနာတွေအတွက် အရေးပေါ်အခြေအနေမှာ စမ်းသပ်ဆေးဝါးအဖြစ် အသုံးပြု ကုသပေးနေတာဖြစ်ပါတယ်။  အိမ်ဖြူတော်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် Gilead ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဒန်နီယယ် အိုဒေးက ကုမ္ပဏီဟာ ထိုးဆေးပုလင်းငယ်ပေါင်း ၁ ဒသမ ၅ သန်းကို လှူဒါန်းသွားမယ်လို့ ပြောပါတယ်။  FDA ရဲ့ အခုအတည်ပြုချက်ဟာ ဆေးကို အရေးပေါ် အခြေအနေဖြစ်နေတဲ့ လူနာတွေအတွက် ကုသရာမှာသာ အသုံးပြုရမှာဖြစ်ပါတယ်။  Gilead ကုမ္ပဏီဟာ မူလကလည်း လူနာ ၁ သိန်း ၄ သောင်းကို ကုသဖို့ ဆေးအလုံအလောက်ရှိထားပြီး ဆေးရုံတွေကို ဆေးဖြန့်ဝေတာ အမေရိကန်အစိုးရက ကြီးကြပ်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
10 months Ago
Up