Ralph Fiennes

June 23, 2020

ယူကျုဘ်ပေါ် ကြည့်ရှုသူ ၃ သန်းနီးပါးရှိနေသည့် The King’s Man ရုပ်ရှင် နောက်ဆုံး Trailer(ရုပ်သံ)

လတ်တလော ကမ္ဘာတလွှား ကပ်ရောဂါတခုလို ကူးစက်ပျံ့ပွားနေတဲ့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့် နိုင်ငံတကာ ရုပ်ရှင်ကားတွေကို ရုံတင်ရက်တွေ ရွှေ့ဆိုင်းခဲ့ရပြီး အဲဒီထဲမှာ The King’s Man ရုပ်ရှင်လည်း ပါဝင်နေပါတယ်။ 20th Century Studios ကနေ ဖြန့်ချိမယ့် ဒီရုပ်ရှင်ကိုတော့ ရှေ့က King’s Man ရုပ်ရှင်စီးရီးစ်တွေဖြစ်တဲ့  Kingsman: The Secret Service (2014)၊ Kingsman: The Golden Circle (2017) ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် ဒါရိုက်တာ Matthew Vaughn ကပဲ ပြန်လည်ပြီးတော့ ရိုက်ကူးထားခဲ့တာပါ။ Kingsman ရုပ်ရှင်တွေရဲ့ Prequel ဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမယ့် ဒီကားထဲမှာတော့ သမိုင်းတလျှောက် အဆိုးဆုံး အဖျက်သမားတွေ၊ လူဆိုးတွေနဲ့ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေ စုစည်းမိကြပြီး လူသန်းပေါင်းများစွာ သေစေနိုင်တဲ့ စစ်ပွဲတခုကို ဖန်တီးတဲ့အခါ ဘာတွေဖြစ်လာမလဲ၊ Kingsman အနေနဲ့ရော ဒါကို ဘယ်လို တားဆီးမလဲဆိုတာ တွေကို ရှုစားကြရမှာပါ။  ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Ralph Fiennes ၊ Gemma Arterton ၊ Rhys Ifans ၊ Matthew Goode ၊ Tom Hollander စတဲ့ သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အစကတော့ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက ရုံတင်ပြသဖို့ စီစဉ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ထပ်မံရွှေ့ ဆိုင်းလိုက်ပြန်ပါတယ်။ လတ်တလောမှာတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့်မို့ ဒီရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။ ဒီကားရဲ့ ပထမဆုံး Trailer ကတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ထွက်ရှိခဲ့ပြီး ဒု တိယမြောက် Trailer ကိုတော့ စက်တင်ဘာလမှာ ထွက်ရှိထားတာပါ။ ခုနောက်ဆုံး Trailer ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ယူကျုဘ်ပေါ်မှာတော့ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး  ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
11 months Ago
Up