R.ဇာနည်နှင့် The Voice Myanmar အဖွဲ့သားများ သီဆိုသည့် ငြိမ်းချမ်းခြင်းရဲ့ တေးသံ(ရုပ်သံ)

A d v e r t i s e m e n t With Us

August 24, 2020

အကြမ်းစား ရှားပါးအသံပိုင်ရှင် The Voice Myanmar ပြိုင်ပွဲဝင်မိန်းကလေး နော်ပြည့်စုံအေးကြူ(ရုပ်သံ)

       အခုနှစ်ရဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition အဆင့်မှာ အ ကြမ်းစားမက်တယ်လ်သီချင်းတပုဒ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တယောက် ပေါ် လာခဲ့ပြန်ပါတယ်။        သူကတော့ နာမည်ကြီး အမေရိကန်ဟဲဗီးမက်တယ်လ်တေးဂီတအဖွဲ့ Slipknot ရဲ့ Psychosocial သီချင်းနဲ့ အစွမ်းပြခဲ့သူ ပြိုင်ပွဲဝင် မိန်းကလေး နော်ပြည့်စုံအေးကြူ ဖြစ်ပါတယ်။        မိန်းကလေးတယောက်အနေနဲ့ ဒီသီချင်းမျိုးကို ရွေးချယ်ပြိုင်ပွဲဝင်ဖို့ တော်တော့်ကို စဉ်းစားရမှာဖြစ်ပေမယ့် နော်ပြည့်စုံအေးကြူကတော့ ယုံကြည်မှုရှိရှိ အကောင်းဆုံး ရသ ပုံစံတမျိုးနဲ့ ပေါက်ကွဲရော့ခ်ဂီတကို ဖွင့်ပြလိုက်သလို Coach တွေကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။        သူ့ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ Coach တွေထဲက R. ဇာနည်၊ ကျားပေါက်နဲ့ နီနီခင် ဇော်တို့က နောက်လှည့်ကြည့်ခဲ့ကြပြီး ချီးကျူးခဲ့ကြကာ နောက်ထပ်သီချင်းတပုဒ်တောင်း ဆိုချိန်မှာတော့ နော်ပြည့်စုံအေးကြူက နာမည်ကြီး အော်လ်တာနေးတစ်ဗ်ရော့ခ်သီချင်း တပုဒ်ဖြစ်တဲ့ Zombie သီချင်းနဲ့ ထပ်မံအစွမ်းပြခဲ့တာပါ။        နောက်ပိုင်း ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ လှည်ကြည့်သူ Coach တွေထဲက တယောက် ကို ရွေးချယ်စေချိန်မှာတော့ နော်ပြည့်စုံအေးကြူက R. ဇာနည်ကို ရွေးချယ်ခဲ့တာမို့ Team R. ဇာနည်အဖွဲ့ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။        မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။     The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။        အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန် ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။   ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။     မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန် ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိ လာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နို ဗန်ထူးက ဆုရရှိသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုး သား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။ ခုတပတ်ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက Janus၊ နော်ပြည့် စုံအေးကြူ၊ ဖြုန်းတီး၊ နေခြည်မိုးဦး၊ ရွှေမှုန်၊ Annie၊ ပန်၊ Change စတဲ့ ပြိုင်ပွဲဝင် ၈ ယောက်ကတော့ သက်ဆိုင်ရာ Team တွေအလိုက် နောက်တဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်‌ တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
6 months Ago

June 4, 2019

R.ဇာနည်နှင့် The Voice Myanmar အဖွဲ့သားများ သီဆိုသည့် ငြိမ်းချမ်းခြင်းရဲ့ တေးသံ(ရုပ်သံ)

    “ငြိမ်းချမ်းခြင်းရဲ့ တေးသံတွေ… ပူလောင်နာကျင်သော ကမ္ဘာမြေအတွက် လက်ဆောင်… ငြိမ်းချမ်းခြင်းရဲ့ တေးသံတွေ… ရွှေရောင်အနာဂတ်များ ခိုလှုံရာတို့မြေ… အဆုံးမဲ့တဲ့ ချစ်ခြင်းတွေနဲ့… တည်ဆောက်လို့ သွားချင်တယ်… ယုံကြည်ခြင်းဟာ အင်အားလေ… အတူလက်တွဲ ရင်ဆိုင်ဖြေရှင်း… အဖြူရောင်ငှက်ငယ် ငြိမ်းချမ်းရေး အတောင်ပံ ခတ်သံတွေ”     ဒါကတော့ ငြိမ်းချမ်းခြင်းရဲ့ တေးသံအမည်ရတဲ့ သီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပြီး ငြိမ်းချမ်းရေးဂီတပွဲတော် အဆိုရှင် R. ၀ါလင်းနဲ့ လင်းသစ်တို့က သီဆိုထားခဲ့ကြ တာပါ။     ဒီတခါမှာတော့ ဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ပေါ်မှာ တခါပြန်နားဆင်ခဲ့ကြရတာ ဖြစ်ပြီး Coach R.ဇာနည်နဲ့ အဖွဲ့ရဲ့ လိုက်ဖက်ညီညီသီဆို ဟန်ကို ရှုစားကြရမှာ ဖြစ်ပါတယ်။     “ငြိမ်းချမ်းခြင်းရဲ့ တေးသံတွေ… အမှောင်ကို အနိုင်ယူမယ့် အရုဏ်ဦး အလင်းရောင်… ငြိမ်းချမ်းခြင်းရဲ့ တေးသံတွေ… လုံခြုံခိုင်မာဖို့ ထာဝစဉ်ဆုတောင်းနေ… အဆုံးမဲ့တဲ့ ချစ်ခြင်းတွေနဲ့… တည်ဆောက်လို့ သွားချင်တယ်… ယုံကြည်ခြင်းဟာ အင်အားလေ … အတူလက်တွဲ ရင်ဆိုင်ဖြေရှင်း… အဖြူရောင်ငှက်ငယ် ငြိမ်းချမ်းရေး အတောင်ပံ ခတ်သံတွေ”     ငြိမ်းချမ်းရေး အကျိုးပြုသီချင်းတပုဒ်အဖြစ် တေးရေး ညီညီသွင်နဲ့ R. ခိုင်တို့က ရေး စပ်ပေးခဲ့တဲ့ ဒီသီချင်းရဲ့ အဓိပ္ပါယ်နဲ့ သံစဉ်တွေဟာ တကယ်ကို လှပပြီး R.ဇာနည်နဲ့ အဖွဲ့ ရဲ့ အသံပါဝါအင်အားကောင်းကောင်းနဲ့ သီဆိုဟန်ကလည်း ထူးခြားနေခဲ့တာပါ။     အဖွဲ့ထဲက မိန်းကလေးအဖြစ် တဦးတည်းသာ ကျန်ခဲ့တဲ့ ပြိုင်ပွဲဝင် ပန်ပန်ကြေးမုံ ရဲ့ ပိုင်နိုင်တဲ့ အသံ၊ ထူးခြားတဲ့ ပြိုင်ပွဲဝင် လင်းခက်၊ သီချင်းကောင်းတွေကို ခံစားသက် ၀င်မှုအားကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ Paul Austin ၊ ဒေးဗစ်ထူးတို့ရဲ့ တွဲဖက်သီဆို ဟန်က ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာကို တွေ့ရပါတယ်။     ဒါကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Liveshow အဆင့် ပြိုင်ပွဲမစမီ ဖျော်ဖြေတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာဟာ Blind Audition ၊ Battle Round ၊ KnockOut Round နဲ့ Liveshow အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲ မှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ LiveShow အဆင့် ပြိုင်ပွဲမှာတော့ Coach တခုစီက အဖွဲ့ဝင် ၄ ဦးက သီချင်းတ ပုဒ်စီနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပြီး ပရိသတ်ကပေးတဲ့ Voting အများဆုံးပြိုင်ပွဲဝင်နဲ့ ကျန်သုံးဦး ထဲက Coach က ရွေးချယ်တဲ့ ပြိုင်ပွဲဝင် ၂ ဦးကသာ နောက်တဆင့်ကို တက်ရောက်နိုင် မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပထမသီတင်းပတ်အဖြစ် Coach နီနီခင်ဇော်နဲ့ ကျား ပေါက်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ Live Show ယှဉ်ပြိုင်မှုမှာတော့ တဖွဲ့စီက အနိုင်ရတဲ့ ပြိုင်ပွဲဝင် ၂ ယောက်စီ၊ စုစုပေါင်း ၄ ယောက်က နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက Hazel နဲ့ Nicholas Pasangma တို့နဲ့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးနဲ့ ညိုမီမီထွန်းတို့ ဖြစ်ကြပါတယ်။ ဒုတိယသီတင်းပတ် Live Show ယှဉ်ပြိုင်မှုမှာတော့ Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲ မှာ Solomon King၊ ယမုံဇင်ဦး၊ ဟိန်းဇော်လင်းနဲ့ Melody Khong တို့ ပါဝင်ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲမှာတော့ Paul Austin၊ ဒေးဗစ်ထူး၊  ပန်ပန်ကြေးမုံနဲ့ လင်းခက်တို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ စုစုပေါင်း ၄ ဦးက နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကတော့ Coach R.ဇာနည်ရဲ့ အဖွဲ့ထဲက လင်းခက်နဲ့ Paul Austin တို့နဲ့ ရန် ရန်ချန်းရဲ့ အဖွဲ့ထဲက Melody Khong နဲ့ Solomon King တို့ ဖြစ်ကြပါတယ်။
2 years Ago
Up