Queen Club

June 25, 2018

Queen Club တင်းနစ် ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်ကို နိုင်ပြီး မာရင်ဆီလစ် ဗိုလ်စွဲ

လန်ဒန်မှာယှဉ်ပြိုင်သွားတဲ့ Queen Club တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မာရင် ဆီလစ်က နာမည်ကြီး နိုဗက် ဂျိုကိုဗစ်ကို အနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးသွားပါတယ်။ ကမ္ဘာ့နံပါတ်တစ်ဟောင်း ဂျိုကိုဗစ်ဟာ ဒီနှစ်ရာသီ ပြိုင်ပွဲတွေထဲမှာ ပထမဆုံးအဖြစ် ဗိုလ်လုပွဲကို တက်ရောက်လာတာပါ။ အခုပြိုင်ပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် ဝင်ဘယ်ဒန်ပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ပွဲလည်း ဖြစ်ပါတယ်။ ပထမပွဲကို အသက် ၃၁ နှစ်အရွယ် ဂျိုကိုဗစ်က ၇ - ၅ နဲ့ အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲမှာ လက်စွမ်းပြနိုင်တဲ့ ဆီလစ်ကို ဂျိုကိုဗစ် ကိုယ်တိုင်ကလည်း ပွဲအပြီးမှာ ချီးကျူးစကား ပြောဆိုသွားပါတယ်။ နောက် ၂ ပွဲမှာတော့ ခရိုအေးရှားနိုင်ငံသား ဆီလစ်က ၇ - ၆၊ ၆ - ၃ နဲ့ အနိုင်ရသွားပါတယ်။ အသက် ၂၉ နှစ်အရွယ် မာရင် ဆီလစ်ဟာ Queen Club ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
3 years Ago
Up