Quarantine ဝင်ရမည်

September 9, 2020

မြင်းခြံမှ မန္တလေးသို့ လာသူများ Quarantine ဝင်ရမည်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများလာနေတဲ့ မြင်းခြံမြို့နယ်ကနေ မန္တလေးကို လာသူတွေအနေနဲ့ Quarantine ဝင်ရမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  ပြောပါတယ်။   မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ စက်တင်ဘာ ၈ ရက်နေ့ အထိ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၃၆ ဦးတွေ့ရှိခဲ့ပြီး မြင်းခြံဆေးရုံမှာ ၃၂ ဦး တင်ပို့ထားပါတယ်။  ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ အဖြစ်များတဲ့ဒေသကနေ လာရင် Quarantine ဝင်ကို ဝင်ရမှာဖြစ်ကာ swab နှစ်ခါယူ စစ်ဆေးပြီး သီတင်းနှစ်ပတ်နေရမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ မြင်းခြံမြို့မှာ စက်တင်ဘာ ၅ ရက်နေ့ကနေ စပြီး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ ကြေးအိုးဆိုင်တွေ အပါအဝင် ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့၊ ခရီးသွားတဲ့အခါမှာ ကျန်းမာရေးထောက်ခံချက်နဲ့ သွားဖို့ သတ်မှတ်လိုက်တဲ့အပြင် စက်တင်ဘာလ ၆ ရက်မှာ ခရီးသည်တင်ယာဉ်လိုင်းတွေကို ပိတ်လိုက်ပြီဖြစ်ပါတယ်။  ဒါ့အပြင် ရပ်ကွက်တစ်ခုကို Lockdown လုပ်ထားပြီး ရပ်ကွက် ၇ ရပ်ကွက်နဲ့ ကျေးရွာ ၂ ရွာကိုလည်း  တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေကာ အခြေအနေဆိုးရွားလာပါက်  Lockdown လုပ်မယ်လို့ သိရပါတယ်။  သတင်း - နိုင်လင်းဦး
9 months Ago

September 6, 2020

ဖျာပုံတွင် ကိုဗစ်လူနာ ၁ ဦးတွေ့၊ ရန်ကုန်တိုင်း Stay Home မြို့နယ်တို့မှ လာသူများ Quarantine ဝင်ရမည်

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၁ ဦး တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်း Stay Home မြို့နယ် ၇ ခုက လာရောက်သူတွေကို ၂၁ ရက် Quarantine ထားရှိသွားမယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ပြောပါတယ်။ ဖျာပုံမြို့မှာ ဒီနေ့မနက်ပိုင်းက စစ်ဆေးရေးဂိတ် ၂ ခု ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးနေတယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်းရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် မြို့နယ်အားကစားမှူး ဦးဝင်းထိန်က ပြောပါတယ်။ ဖျာပုံမြို့နယ် ဖျာပုံတံတားကြီးခြေဆင်း အမှတ် (၃) ရက်ကွက်မှာ စစ်ဆေးရေးဂိတ် အမှတ် ၁ နဲ့ ဖျာပုံမြို့ အမှတ် ၁၆ ရပ်ကွက် ချောင်းတွင်းလမ်းမကြီးမှာ စစ်ဆေးရေးဂိတ် အမှတ် ၂ ဖွင့်လှစ်ပြီး မြို့နယ်အတွင်း လာရောက်သူတွေကို ခရီးသွားထောက်ခံစာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဖျာပုံမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှက စက်တင်ဘာ ၆ ရက်နေ့ မနက် ၈ နာရီခွဲ ထုတ်ပြန်ခဲ့တာပါ။ ကျော်စိုးမိုး
10 months Ago
More News
Up