မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
Quarantine နေရသူများ
Home
Quarantine နေရသူများ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
April 8, 2020
704
Quarantine နေရသူများအတွက် ဖုန်းဖြင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးမည်
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ ၁၄ ရက် အသွားအလာ ကန့်သတ် (Quarantine) ခံနေရသူတွေအနေနဲ့ စိတ်ဖိစီးမှုအပါအဝင် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေအတွက် လူမှုဝန်ထမ်းဦးစီးဌာန ကနေ ဖုန်းနဲ့ ဆွေးနွေးပေးတော့မှာ ဖြစ်ပါတယ်။
ဦးစီးဌာနက လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေကို ရုံးချိန်အတွင်း ဖုန်းခေါ်ဆွေးနွေးနိုင်မှာ ဖြစ်ပြီး ဖုန်းခေါ်ဆိုခက အခမဲ့ဖြစ်ပါတယ်။
လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက “ဖုန်းနံပါတ်တွေ ရနိုင်ဖို့အတွက် ဆက်သွယ်ရေးက အများကြီး အကူအညီပေးပါတယ်။ ခုက ကားတွေပိတ်ထားတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာပဲ ဖုန်းနံပါတ်တွေ ရအောင်လုပ်ပေးပါတယ်။ အမ်ပီတီနဲ့ မိုင်တဲလ်နံပါတ်တွေကိုတော့ ဒီနေ့ပဲ ဆက်လို့ရပြီလို့ ပြောပါတယ်။ ကျန်တဲ့ အော်ပရေတာတွေလည်း အမြန်ဆုံးရမှာပါ” လို့ ဆိုပါတယ်။
Quarantine ကာလမှာ သီးခြားခွဲခြားနေထိုင်ရတာနဲ့ ဆက်စပ်အကြောင်းအရာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နိုင်တာပါ။ ဒါကြောင့် တိုင်းနဲ့ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကို ကိုယ့်မှာရှိတဲ့ မိုဘိုင်းလ်အော်ပရေအလိုက် နံပါတ်ကို ရွေးချယ်ဆက်သွယ်မယ်ဆို ရင် ဖုန်းခေါ်ခမကုန်ဘဲ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းကို အထူးလေ့ကျင့်ပေးထားတဲ့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းတွေက နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအချိန်ထိ လုပ်ပေးမှာဖြစ်ပါတယ်။
ဒေါက်တာ စန်းစန်းအေးက “ကျမတို့ဝန်ထမ်းတွေကို သင်တန်းပေးထားပါတယ်။ ခုလည်း အွန်လိုင်းသင်တန်းတွေ ရှိနေတယ်။ ဒါပေမယ့် ပြည်နယ်နဲ့တိုင်း ညွှန်မှူးတွေကို ပြောထားတာက ဖုန်းကတ်တွေ ရရချင်း ဟန်းဆက်ထဲကို ထည့်ပါ။ သင်တန်းမှာ ရှိနေပေမယ့်ဖုန်းဝင်လာရင် ကိုင်ဖို့ ပြောထားပါတယ်။ Quarantine စင်တာတွေမှာ ကျမတို့ရဲ့ ဝန်ထမ်းတွေက အခုလို ဆွေးနွေးနိုင်တယ်ဆိုတဲ့အကြောင်း Hand Speaker တွေနဲ့ လိုက်ပြီး ပြောပြမယ်။ ဗီနိုင်းဆိုင်းဘုတ်တွေလည်း ထောင်ပေးထားမှာပါ” လို့ ပြောပါတယ်။
နှစ်သိမ့်ဆွေးနွေးမှုခံယူသူတွေရဲ့ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူးအလေးထား ကာကွယ်ပေးသွားမှာ ဖြစ်ပြီး တခြားလူမှုရေးနည်းလမ်းနဲ့ ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ရင်တော့ ဆက်လက်ညွှန်းပို့ပေးသွားမယ်လို့လည်း လူမှုဝန်ထမ်းဦးစီးဌာနက ကြေညာထားပါတယ်။
ဆက်သွယ်ရမည့်ဖုန်းနံပတ်များ
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up