Quarantine  စင်တာ

A d v e r t i s e m e n t With Us

September 17, 2020

မိုးညှင်းမြို့ Quarantine စင်တာတွင် JPC အဖွဲ့ ဖျော်ဖြေ

ကချင်ပြည်နယ် မိုးညှင်းမြို့ ပုညရှင် Quarantine စင်တာမှာ စက်တင်ဘာ ၁၆ ရက်ညနေက မြစ်ကြီးနားလူထုစကားဝိုင်းပံ့ပိုးကူညီသူအဖွဲ့ JPC ကနေ တေးသီချင်းတွေ၊  အကတွေနဲ့ သွားရောက်ဖျော်ဖြေခဲ့ကြပါတယ်။  ပုညရှင်စင်တာမှာ ဒုတိယအကြိမ်ဖျော်ဖြေတာလို့ JPC အဖွဲ့ တာဝန်ရှိသူ မဂျာဆန် က ပြောပါတယ်။  မိုးညှင်းမြို့နယ် Quarantine စင်တာတွေမှာ  နေရပ်ပြန် လူငယ်အများစုပါဝင်ပြီး ပုညရှင်စင်တာမှာ ၃၉ ဦးရှိတယ်လို့ သိရပါတယ်။  မြို့နယ်တွင်း ကျေးရွာတွေက Quarantine စင်တာတွေနဲ့ နေအိမ်စောင့်ကြည့် Quarantine ထားရှိသူ စုစုပေါင်း ၃၀၀ လောက်ရှိတယ်လို့  မြို့နယ် ကိုဗစ်ကော်မတီက သိရပါတယ်။  မုန်းမုန်းမင်း
6 months Ago

September 8, 2020

တောင်ကြီးမြို့ Quarantine စင်တာရှိ စောင့်ကြည့်လူနာ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အ.ထ.က ၅ Quarantine စင်တာမှာ ထိုင်းနိုင်ငံက  ပြန်လာတဲ့ စောင့်ကြည့်လူနာ ၁ ဦး  ဒီနေ့ မနက်ပိုင်းက သေဆုံးသွားပါတယ်။ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက “မနေ့က သူနည်းနည်းမောလာတယ်။ အဲ့ဒါနဲ့ စဝ်စံထွန်းဆေးရုံကို ပို့လိုက်တယ်။ ဆရာဝန်ကြီးတွေက လိုအပ်တာတွေကုသပေးတယ်၊ ဓာတ်ခွဲနမူနာ တခါထဲယူလိုက်တယ်။ ဒီနေ့ မနက် ၇ နာရီခွဲမှာ ဆုံးသွားတယ်။ ဓာတ်ခွဲနမူနာတော့ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို ပို့လိုက်ပြီ”လို့ ပြောပါတယ်။ စဝ်စံထွန်းဆေးရုံမှ သမားတော်ဆရာဝန်ကြီးများ စစ်ဆေးတွေ့ရှိချက်အရ လူနာဟာ အဆုတ်ရောင်တာတွေ၊ မွေးရာပါနှလုံးရောဂါ အခံရှိတာတွေ၊ နှလုံးကြွက်သားကြီးတာတွေ၊ အဆုတ်ပိုး ဝင်တာနဲ့ အသည်းရောင်တာတွေ စတဲ့ ရောဂါရှိတယ်လို့သိရပါတယ်။ သေဆုံးသူဟာ အမျိုးသားဖြစ်ပြီး ထိုင်းကနေ မြဝတီကို နယ်စပ်ဝင်ပေါက်မှပြန်လာပြီး စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြီးကိုရောက်ရှိတာ ဖြစ်ပါတယ်။ ရောက်ရောက်ချင်းမှာလည်း အဖျားရှိနေလို့ စဝ်စံထွန်းဆေးရုံကိုပြပေးပြီးမှ Quarantine Center ကို ဝင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က သေဆုံးသွားတဲ့ တောင်ကြီးတက္ကသိုလ် Quarantine စင်တာမှာမှာ Quarantine ဝင်နေသူအမျိုးသမီးရဲ့ ဓာတ်ခွဲအဖြေဟာ ကိုဗစ်-၁၉ ရောဂါပိုးမရှိဘူးလို့ သိရပါတယ်။ သတင်း- ခွန်ရာဇာ
6 months Ago
More News
Up