QR Code

January 12, 2020

ခရီးသွားအ​ထောက်အကူပြု QR Code ထားရှိခြင်း အခမ်းအနား ကျင်းပ (ဓာတ်ပုံ)

မြန်မာနိုင်ငံကို လာ​ရောက်လည်ပတ်တဲ့ ခရီးသွား​တွေအ​တွက် ခရီးသွားအ​ထောက်အကူပြု QR Code ထားရှိခြင်းနဲ့ Digital concierge System _ Beta Version တပ်ဆင်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်​က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျင်းပခဲ့ပါတယ်။  QR Code ​တွေကို​တော့ ရန်ကုန်၊ မန္တလေး၊ ပုဂံ​ဒေသ​တွေရဲ့ ​လေဆိပ် ဟိုတယ်ခရီးဌာန​တွေမှာ တပ်ဆင်ထားပြီး ရန်ကုန်မြို့ရဲ့ လူအများအသုံးပြုတဲ့ မှတ်တိုင် ၅၀၀ တပ်​ဆင်နိုင်​အောင် လုပ်​ဆောင်သွားမယ်လို့​ အခမ်းအနားမှာ တာဝန်ရှိသူတွေက ပြောပါတယ်။  QR Code ကို အသုံးပြုမယ်ဆိုရင်​တော့ ​ရောက်ရှိ​နေတဲ့ ဒေသရဲ့ လုံခြုံ​ရေး အ​​ခြေအ​နေ၊ ဘယ်လို​နေရာမှာ သွား​ရောက်လညfပတ်လို့တယ် စတဲ့ ခရီးသွားနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။  
2 years Ago
Up