ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြန်မစခင် ကြိုတင်ပြင်ဆင်မှုအဖြစ် QPR အသင်းနဲ့ ဇွန် ၁၄ ရက်နေ့က စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ခြေစမ်းကစားခဲ့ရာမှာ ၇ ဂိုး ၁ ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ရခဲ့ပါတယ်။
ချဲလ်ဆီးအတွက် ဂိုးတွေကိုတော့ လော့ဖ်တပ်ချိခ်နဲ့ ဂီလ်မောတို့က ၂ ဂိုးစီ သွင်းယူခဲ့ပြီး မေဆန်မောင့်၊ ဝီလီယံနဲ့ ဂျရူးတို့က ၁ ဂိုးစီ သွင်းခဲ့ပါတယ်။
အခုပွဲမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းလေ့ကျင့်တာ သိပ်မကြာသေးတဲ့ ကွင်းလယ်လူ ကန်တေလည်း ပွဲထွက်ကစားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပထမဆုံး ခြေစမ်းပွဲစဉ်တုန်းက ချန်ပီယံရှစ်ကလပ်ရက်ဒင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့်အပတ် တနင်္ဂနွေနေ့ အက်စ်တွန်ဗီလာအသင်းနဲ့ အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
9 months Ago