Puma

May 4, 2020

Puma က စတားလင်းနှင့် ပေါင်သန်း ၁၀၀ စပွန်ဆာစာချုပ် ချုပ်ရန် ပြင်ဆင်

မန်စီးတီးတောင်ပံကစာသးမား စတားလင်းဟာ Puma ကုမ္ပဏီ နဲ့ ပေါင်သန်း ၁၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ် ချုပ်ဆိုသွားဖို့ရှိနေပါတယ်။  ဂျာမနီအားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Puma ဟာ မန်စီးတီးအသင်းရဲ့ ဂျာစီစပွန်ဆာအဖြစ်လည်း ၁၀ နှစ် စပွန်ဆာစာချုပ်ချုပ်ဆိုထားတာပါ။  လက်ရှိအချိန်မှာတော့ အင်္ဂလန်လက်ရွေးစင် စတားလင်းလည်း ပေါင်သန်း ၁၀၀ တန်ကြေး ရှိ နှစ်ရှည်စပွန်ဆာစာချုပ်ချုပ်ဆိုသွားဖို့ရှိနေပြီး Puma ထုတ်ကုန်တွေကို စတားလင်းက ကြော်ငြာ ပေးရမှာဖြစ်ပါတယ်။  စတားလင်းနဲ့ Adidas တို့ရဲ့ စပွန်ဆာစာချုပ်က လာမယ့်ဇွန်လအကုန်မှာ သက်တမ်းကုန် ဆုံးမှာဖြစ်ပြီး အဲဒီအချိန်ရောက်မှ Puma က စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။  Puma ဟာ ပြီးခဲ့တဲ့ရာသီကလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ တိုက်စစ်မှူးအဂွဲရိုး၊ နောက်ခံလူ ဇန်ချင်ကိုတို့နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။  အသက် ၂၅ နှစ်ရှိ စတားလင်းဟာ အခုနှစ်ရာသီ ပြိုင်ပွဲစုံမှာ ဂိုး ၂၀ သွင်းယူပြီး ခြေစွမ်းပြ နေပါတယ်။ 
11 months Ago
Up