Public Media Art-Wave

May 26, 2020

အာရုံလွှဲ ဖြေသိမ့်ပေးသည့် 3D အန်နီမေးရှင်းလှိုင်းတု တောင်ကိုရီယားကုမ္ပဏီ တီထွင်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာ ခရီးမသွားရသူတွေကို အာရုံလွှဲဖြေသိမ့်ပေးတဲ့ 3D အန်နီမေးရှင်း လှိုင်းတုတွေကို တောင်ကိုရီးယားကုမ္ပဏီတခုက တီထွင်လိုက်ပါတယ်။ ဂမ်နမ်းခရိုင်က ရှော့ပင်းမောလ်တခုရဲ့ LED စခရင်ကြီးမှာ လှိုင်းကြမ်းကြမ်းတွေ ရိုက်ခတ်နေပါတယ်။ ဒါကတော့ တောင်ကိုရီးယား ဒီဇိုင်းကုမ္ပဏီ d'strict က ဖန်တီးထားတဲ့ ‘Public Media Art-Wave’  မီဒီယာပရောဂျက်ပဲ ဖြစ်ပါတယ်။  ဒီပရောဂျက်ဟာ 8K resolution အသုံးပြုပြီး ဘက်စ်ကတ်ဘောကွင်း လေးကွင်းစာ ကျယ်ဝန်းတဲ့ စတုရန်း ၁၆၂၆ မီတာ စခရင်ပေါ်မှာ ဖန်တီးထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ အဲဒီ စခရင်ကြီးကို ဆမ်ဆောင်း အီလက်ထရွန်းနစ်၊ CJ Powercastနဲ့ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့တို့က ၂၀၁၈ ခုနှစ်မှာ ကြော်ငြာတွေ ပြသဖို့ တပ်ဆင်ခဲ့တာပါ။  ဒါပေမဲ့ ခုတော့ လှိုင်းတံပိုးမီဒီယာပရောဂျက်ကို မေ ၃၁ ရက်အထိ ပြသသွားမှာပါ။ ခုလို ခရီးသွားဖို့မလွယ်ကူတဲ့ ကာလမျိုးမှာ မြို့လယ်ကောင်ထဲ သဘာ၀အလှတရားတခုကို ပေးစွမ်းနိုင်တာ သိပ်ကိုအဓိပ္ပာယ်ရှိပါတယ်လို့လည်း  CJ Powercast အထွေထွေမန်နေဂျာက ပြောပါတယ်။
11 months Ago
Up