PSI စလောင်း

April 27, 2021

ကန့်ဘလူမြို့နယ်၌ အန်အယ်လ်ဒီအလံများနှင့် PSI စလောင်းများကို စစ်အုပ်စုက အဓမ္မလိုက်ဖြုတ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ခြမ်းမှာ ဧပြီ ၂၇ ရက်နေ့ စုပေါင်းဆိုင်ကယ်သပိတ် ပြုလုပ်နေချိန် မြို့အနောက်ခြမ်းက ညောင်ဇင်ရွာနဲ့ သဘွက်ကုန်းကျေးရွာတွေကို ရဲနဲ့စစ်တပ်က  ဝင်ရောက်ရှာဖွေပြီး အန်အယ်လ်ဒီပါတီအလံ အမှတ်အသားတွေ ဖြုတ်ယူသိမ်းသွားကြပါတယ်။ 

ဒါ့အပြင် အဲ့ဒီကျေးရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်ဆင်ထားတဲ့  PSI စလောင်းတွေကိုလည်း အတင်းဖြုတ်ယူသွားကြတယ်လို့ ရွာခံတွေက ပြောပါတယ်။

စစ်ကား ရဲကား လေးစီးနဲ့ အင်အား ၃၀ ကျော်နဲ့ ရောက်လာတာဖြစ်ပြီး  ရွာက ဒလန်ကတိုင်လို့ ဒီလိုလာရှာတာလို့လည်းဆိုပါတယ်။

ကန့်ဘလူမြို့နယ်ခံတစ်ဦးက "နယ်တွေက လူတွေဟာ DVB နဲ့ Mizzima က သတင်းတွေကို အားထားကြည့်ရှုနေရတဲ့အချိန် အခုလို စလောင်းတွေကို အဓမ္မဖြုတ်သိမ်းတာဟာ သတင်းမှန်တွေကို ဖြတ်တောက်နေတာဖြစ်တယ်။ အခုဆို ရွာကလူတွေက ကြောက်ပြီး ကိုယ်ကိုယ်တိုင်ဖြုတ်ထားလိုက်ကြတာမျိုးတောင် ရှိနေပြီ'' လို့ ပြောပါတယ်။

ကန့်ဘလူအရှေ့ခြမ်းက ထန်းကုန်း၊ ဉာဏ်အင်း၊ ရွာသစ်ကုန်း၊ ရွာမ၊ အင်းလယ်ကြီး ၊ ရဲဒွေး နဲ့ ဇီးပင်သာကျေးရွာတွေက ဒီကနေ့မှာ ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျငင် ဆန္ဒပြနေကြတာပါ။

ကန့်ဘလူမြို့နယ်မှာ ဒီနေ့အထိဆိုရင် ဖမ်းဆီးခံရသူပေါင်း ၁၀ ယောက်ထက်မနည်း ရှိနေပြီလည်း ဖြစ်ပါတယ်။

DVB

2 weeks Ago
Up