PSG နည်းပြသစ်

A d v e r t i s e m e n t With Us

January 3, 2021

အကောင်းဆုံးကစားသမားများနှင့်အလုပ်လုပ်ရန် စိတ်အားထက်သန်နေဟု PSG နည်းပြသစ်ပြော

ကမ္ဘာ့အကောင်းဆုံးကစားသမားတချို့နဲ့အတူ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုက ပြောလိုက်ပါတယ်။  အာဂျင်တီးနားနည်းပြ ပိုချက်တီနိုဟာ အသင်းကနေ ထုတ်ပယ်ခဲ့တဲ့ နည်းပြတူချယ်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတာပါ။  ၂၀၂၂ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။  ပီအက်စ်ဂျီ နည်းပြသစ်ဖြစ်လာတဲ့အပေါ် ဂုဏ်ယူမိပြီး ယုံကြည်မှုပေးတဲ့အသင်း စီမံခန့်ခွဲမှုအဖွဲ့ကို ကျေးဇူးတင်တယ်လို့ ပိုချက်တီနိုက ပြောပါတယ်။  ပီအက်စ်ဂျီအသင်းမှာ အမှတ်တရတွေလည်း ရှိခဲ့ဖူးပြီး ဒီအချိန်မှာတော့ များပြားတဲ့ ရည်မှန်းချက်တွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံးကစားသမားတချို့နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေတယ်လို့ စာချုပ်ချုပ်ဆိုအပြီးမှာ ပိုချက်တီနိုက ပြောပါတယ်။  ပီအက်စ်ဂျီ ကစားသမားဟောင်းလည်းဖြစ်သူ ပိုချက်တီနိုအနေနဲ့ အမ်ဘာပေ၊ နေမာ အစရှိတဲ့ ကစားသမားတွေနဲ့ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးသွားရမှာ ဖြစ်ပါတယ်။
2 months Ago
Up