Project K အဖွဲ့

January 19, 2021

ဟဲလေးနှင့် Project K အဖွဲ့ သီချင်းသစ်-“ဆော်နဲ့ပြတ်သွားတယ်” ထွက်ရှိမည်

ပရိသတ်အချစ်တော် နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ ဟဲလေးနဲ့ Project K အဖွဲ့တို့ သီဆိုထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာဖို့ ရှိနေပါတယ်။ “ဆော်နဲ့ပြတ်သွားတယ်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဟဲလေးနဲ့အတူ Project K အဖွဲ့ထဲက မင်းခန့်ဟိန်းတို့က အတူရေးဖွဲ့ထားခဲ့ကြတာဖြစ်ပါတယ်။ ခပ်မြူးမြူး သီချင်းဖန်တီးမှုတွေ ဖန်တီးသီဆိုလေ့ရှိတဲ့ ဟဲလေးဟာ ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ ဖြတ်သန်းခဲ့ပြီးဖြစ်ကာ အောင်မြင်တဲ့ တကိုယ်တော် တေးအယ်လ်ဘမ် တွေ၊ အတွဲတေးအဘ်လ်ဘမ်တွေများစွာမှာ ပါဝင်သီဆိုခဲ့သူ ဖြစ်ပါတယ်။ “မင်းမသိတဲ့အချစ်” ၊ “အချစ်ပျောက်သွားသူ” တကိုယ်တော် တေးအယ်လ်ဘမ် တွေကစလို့ နောက်ပိုင်း အဆိုတော်ပေါင်းများစွာနဲ့ တွဲဖက်သီဆိုခဲ့တဲ့ “ရင်ခုန်နှုန်း ၁၄” ၊ “နေရာအနှံ့”၊ “ဝါရင့်သမ္ဘာရင့်”၊ “ချောကလက်မှိုတက်ညိုပြာညက်”၊ “ဒယ်ဒီဟဲလေး” စတဲ့ တေးအယ်လ်ဘမ်တွေ ဟာလည်း ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့ တဲ့ တေးအယ်လ် ဘမ်တွေ ဖြစ်ခဲ့တာပါ။ သူ့သီချင်းတွေထဲက မြူးကြွတဲ့ သင်္ကြန်သီချင်းတွေဟာလည်း ထင်ရှားသလို ဆန်းသစ်တဲ့ စကားလုံးတွေနဲ့ ခေတ်ကိုထင်ဟပ်စေတဲ့ ရေးဖွဲ့မှုတွေနဲ့ သီချင်းတွေကလည်း ရေ ပန်းစားသီချင်းတွေ ဖြစ်နေခဲ့တာပါ။ မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့က တော့ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှု တွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။ နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာမှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ သူတို့အဖွဲ့ဟာ အာရှဒေသတွင်း Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေခဲ့ကြပါသေးတယ်။ ခုတခါမှာတော့ ဟဲလေးနဲ့ Project K အဖွဲ့ ဘယ်လိုထူးခြားတဲ့ ပေါင်းစပ်ဖန်တီးမှု တွေနဲ့ ထွက်ရှိလာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီသီချင်းမြူးဇစ်ဗီဒီယိုကိုတော့ V7 Entertainment က လာမယ့် ဇန်နဝါရီ ၂၃ ရက်နေ့မှာ တင်ဆက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။
9 months Ago

September 11, 2020

Project K အဖွဲ့ Asia Song Festival 2020 တွင် မြန်မာကိုယ်စားပြု ဖျော်ဖြေမည်

       နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Project K က Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွား ရောက်ဖျော်ဖြေကြဖို့ ရှိနေပါတယ်။        ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေကို ခုလိုအသိပေးမျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့ Project K အနေနဲ့ အခုလာမဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကနေစပြီး ကိုရီးယားမှာ Training သွားရောက်ရမှာဖြစ်ပြီးတော့ Training ပြီးသွားသည့်အခါတွင် လည်း Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေသွားရမှာ ပါ 🇲🇲🇰🇷… ဒီအကြောင်းတွေကို ကျနော်တို့သိခဲ့တာကြာခဲ့ပေမဲ့ Covid ကြောင့် အခြေအ နေတွေကို အတိအကျမသိသေးလို့ မကြေငြာပေးဖြစ်ခဲ့တာပါ ... အခုတော့ အားလုံး Confirm ဖြစ်သွားပါပြီ ... 😇 Asia Song Festival 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြု အ နေနဲ့ ဖျော်ဖြေရာမှာလည်း အတတ်နိုင်ဆုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးစား ဖျော်ဖြေသွားပါ့မယ် ... ပြီးတော့ Training ကာလတွေမှာလဲ အတတ်နိုင်ဆုံး ကြိုးစား သင်ယူသွားပါ့မယ် ခင်ဗျာ” မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့် သင်ကြားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သမ္မတမွန်းကို တောင်းဆိုခဲ့တယ်လို့  ကိုရီးယားနိုင်ငံအခြေစိုက် arirang.com သတင်းမှာ ဖော်ပြခဲ့ဖူးပါ တယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယား နိုင်ငံမှာ ရောက်ရှိစဉ်  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားသမ္မတ မွန်း ဂျေအင်းနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။ မွန်းဂျေအင်းကတော့ Project K အဖွဲ့ကို ပြုစုပျိုးထောင်တာဟာ နှစ်နိုင်ငံကြား ပိုမိုအားကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့သင်္ကေတဖြစ်လာစေမှာ ဖြစ်ပြီး ထောက်ပံ့ ကူညီပေးမှုတွေ လုပ်ဆောင်သွားဖို့ ကတိပေးခဲ့တာပါ။        မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေ လင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။ နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာ မှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ သူတို့အဖွဲ့ရဲ့ Stay Strong အမည်ရ မြူးဇစ်ဗီဒီယို တပုဒ် ထွက်ရှိထားခဲ့ပါတယ်။ သိပ်မကြာသေးခင်ကလည်း Project K အဖွဲ့ဟာ သဘင်ပညာရှင် မင်းသား ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့နဲ့ တွဲဖက်ကာ  မိုးရာသီသဘင်ပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။
1 year Ago
Up