Premika ဇာတ်ကား ရုံတင်တော့မည်

April 5, 2018

ထိုင်းသရဲကားကြိုက်သူများအတွက် Premika ဇာတ်ကား ရုံတင်တော့မည်

  Premika (Sing it or Die?) ဆိုတဲ့ ဇာတ်ကားကတော့  ထိုင်းသရဲကား ပရိသတ်တွေကို ရည်ရွယ်ပါတယ်။ သရဲကားတွေနဲ့ပတ်သက်ရင် နာမည်ကြီးတဲ့ ထိုင်းရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဘယ်လို ပုံဖော်ရိုက်ကူးထားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဇာတ်လမ်းကတော့ သီချင်းဆိုရတာ ကြိုက်တဲ့ ကောင်မလေးတယောက်ဟာ မသမာသူတွေရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံရပြီး သေဆုံးသွားခဲ့ရတယ်။ သူ့ရဲ့ အသည်းနှလုံးကို သီချင်းဆိုစက်ထဲ ထည့်ထားခံခဲ့ရချိန်မှာ နဂိုတည်းက သီချင်းဆိုတာ ဝါသနာပါတဲ့ ကောင်မလေးက လူတွေကို ဘယ်လိုဒုက္ခပေးမလဲ။ ရယ်စရာတွေရော၊ ထိတ်လန့်စရာတွေပါ ရောပြွမ်းရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားမှာ ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းမလား၊ ဝမ်းနည်းစရာတွေနဲ့ ဇာတ်သိမ်းမလားဆိုတာတွေကို မကြာခင်မှာ ပြသတော့မှာဖြစ်လို့ စောင့်ကြည့်ကြပါဦး။
3 years Ago
Up