Pfizer

January 24, 2022

ထိုင်းနိုင်ငံ ခရိုင် ၁၀ ခုတွင် ကိုဗစ်ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးပေးမည်

လာမယ့်လထဲမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်မှုနဲ့အတူ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရတဲ့ ထိုင်းခရိုင် ၁၀ ခုက ပြည်သူတွေကို စတုတ္ထမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ်လို့ ဆိုပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ အဆိုပါ ခရိုင် ၁၀ ခုထဲက ပြီးခဲ့တဲ့ ၃ လအ တွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံပြီးတဲ့ ပြည်သူတွေကို AstraZeneca နဲ့ Pfizer ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမယ်လို့ ပြောပါတယ်။

အစိုးရ တရားဝင်ကိန်းဂဏန်းအချက်အလက်တွေအရ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့ မှတ်ပုံတင်ထားသူအရေအတွက် ၈ သိန်းကျော် ရှိနေပြီး အဲဒီထဲမှာ ကျန်းမာရေးလုပ်သားတွေအပါအဝင် ရောဂါကူးစက်နိုင်ခြေမြင့်မားတဲ့ အုပ်စုတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနရဲ့ ကနဦးအစီအစဉ်အရ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာ ရေးဝန်ထမ်းတွေ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ၊ ထိခိုက်လွယ်အုပ်စုတွေကိုသာ ထိုးနှံပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် လတ်တလောမှာတော့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရတဲ့ ထိုင်းခရိုင်တွေနဲ့ ဆက်စပ်နေတဲ့ ထိခိုက်လွယ်အုပ်စုတွေထဲက စုစုပေါင်းခရိုင် ၁၀ ခုက ပြည်သူတွေကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရသူ ရက်ချဒါ ဒနာဒီရက်ခ်က ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ခရိုင်တွေထဲမှာတော့ ဖူးခက်၊ ဆူရတ်ဌာနီ၊ ကရာဘိ၊ ဖန်ငခရိုင် ၄ ခုပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမြင့်တဲ့ ထိခိုက်လွယ်တဲ့ ခရိုင်တွေထဲမှာတော့ ဘန်ကောက်၊ ချွန်ဘူရီ၊ ဆမွတ်ပရာကန်၊ နွန်ထဘူရီ၊ ကန်ချနဘူရီနဲ့ ပထုံဌာနီခရိုင် ၆ ခုပါဝင်နေတာပါ။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ အဆိုပါ ခရိုင်တွေထဲမှာ နေထိုင်သူ ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား ၂ သန်းခွဲကို ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံပေးနိုင်ဖို့ ရည် ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး ဖို့ အမျိုးအစား ၂ မျိုးသတ်မှတ်ထားပြီး ပထမတမျိုးကတော့ ပထမ ၂ ကြိမ်ကို Sinovac ကာကွယ်ဆေးထိုးနှံထားပြီး တတိယတကြိမ်ကို AstraZeneca ထိုးနှံထားသူတွေအနေနဲ့ နောက်တကြိမ်ကိုလည်း AstraZeneca ကို ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။

နောက်တမျိုးကတော့ ပထမ ၂ ကြိမ်ကို AstraZeneca ကာကွယ်ဆေးထိုးနှံထားပြီး တတိ ယတကြိမ်ကို Pfizer ထိုးနှံထားသူတွေအနေနဲ့ နောက်တကြိမ်ကိုလည်း Pfizer ကို ထိုးသင့် တယ်လို့ အကြံပြုထားပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးသွားပြီး  ၆၉ ရာခိုင်နှုန်းကတော့ အနည်းဆုံး ၂ ကြိမ် ထိုးနှံပြီးဖြစ်တယ်လို့ ဆို ပါတယ်။

10 months Ago

December 28, 2021

Pfizer ထုတ် ကိုဗစ်-၁၉ သောက်ဆေး အရေးပေါ်အခြေအနေတွင် အသုံးပြုရန် တောင်ကိုရီးယား ခွင့်ပြု

Pfizer ကုမ္ပဏီကထုတ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကုသဆေး၊ သောက်ဆေးကို အရေးပေါ် အခြေအနေမှာသုံးဖို့ တောင်ကိုရီးယားအစိုးရက ခွင့်ပြုလိုက်တယ်လို့ အစားအစာနဲ့ ဆေးဝါး ဘေးကင်းရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

တောင်ကိုရီးယားဟာ လူချင်းခွာနေရမယ့် ကန့်သတ်ချက်ကို နိုဝင်ဘာလက ဖြေလျှော့ပေးခဲ့ပေမယ့် နေ့စဉ် အသစ်ကူးစက်ခံ အရေအတွက် ဆက်တိုက်တိုးလာခဲ့ပြီးနောက် အရင်အပတ်ကစပြီး ကန့်သတ်ချက်ကို ပြန်တင်းကျပ်ခဲ့ပါတယ်။ နိုင်ငံအတွင်း အသက် ၁၈ နှစ်အထက် လူဦးရေရဲ့  ၉၂ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးလို့ ပြီးစီးပါပြီ။

ပက်စ်လိုဗစ်လို့ ခေါ်တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး သောက်ဆေးဟာ အိမ်မှာ ဆေးကုသခံနေသူ ဒါမှမဟုတ် ဆေးပေးခန်းတွေမှာ တင်ထားရတဲ့ လူနာတွေ အခြေအနေ ပိုဆိုးမလာအောင် ဟန့်တားရာမှာ အထောက်အကူပြုဖို့ မျှော်လင့်ထားတယ်လို့ ဆေးဝါးဘေးကင်းရေးဝန်ကြီး ကင်မ်ဂန်းလစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီဆေးကို အသက် ၁၂ နှစ်အထက်နဲ့ ကိုယ်အလေးချိန် ၈၈ ပေါင်အထက် လူကြီးတွေအတွက် သုံးနိုင်ပါတယ်။ ရောဂါအခံရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အခြေအနေ ဆိုးရွားလာနိုင်ခြေ ရှိတဲ့ ဝေဒနာအနုစားနဲ့ အလတ်စား ခံစားနေရသူတွေဟာ ဒီဆေးကို သုံးနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

11 months Ago
More News
Up