PFA

September 9, 2020

PFA အကောင်းဆုံးအသင်းတွင် လီဗာပူး ကစားသမား ၅ ဦးအထိ ပါဝင်

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအစည်းအရုံး PFA ကနေ ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ဘောလုံးအသင်းမှာ ချန်ပီယံ လီဗာပူးအသင်းက ကစားသမား ၅ ဦးအထိ ပါဝင်လာခဲ့ပါတယ်။ PFAရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းမှာ မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေက ကစားသမားတွေတော့ ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။  ဂိုးသမားနေရာမှာ ဘန်လေက နစ်ပုပ်ကို ရွေးချယ်ခဲ့ပြီး နောက်တန်း ၄ ဦး နေရာမှာ လီဗာပူး နောက်ခံလူတွေဖြစ်တဲ့ အာနိုးလ်၊ ဗန်ဒိုက်နဲ့ ရော်ဘက်ဆန်၊ လက်စတာက ဆိုယန်ကူတို့ ပါဝင်ခဲ့ပါတယ်။  ကွင်းလယ်မှာ မန်စီးတီးက ဒေးဗစ်ဆေးလ်ဗားနဲ့ ဒီဘရိုင်း၊ လစ်ဗာပူးက ဟန်ဒါဆန်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ တိုက်စစ် ၃ ယောက်တန်းမှာ လက်စတာက ဂျေမီဗာဒီ၊ အာဆင်နယ်က အူဘာမီယန်းနဲ့ လစ်ဗာပူးက မာနေးတို့ ပါဝင်ခဲ့ပါတယ်။ အသင်းလိုက်အနေနဲ့ လီဗာပူးက ၅ ဦး၊ မန်စီးတီးနဲ့ လက်စတာအသင်းတွေက ၂ ဦးစီ၊ ဘန်လေနဲ့ အာဆင်နယ်အသင်းတွေက ၁ ဦးစီ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
8 months Ago

April 29, 2019

ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး ကစားသမားဆု ဗန်ဒိုက် ရရှိ

တိုက်စစ်နဲ့ ကွင်းလယ်ကစားသမားတွေကို ကျော်ဖြတ်ပြီး နောက်ခံလူတဦးက အကောင်းဆုံးဆု ရယူနိုင်ခဲ့တာဟာ မယုံကြည်နိုင်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်တယ်လို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ပြောကြားလိုက်ပါတယ်။ ဗန်ဒိုက်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း  PFA က ချီးမြှင့်တဲ့ ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး ကစားသမားဆုကို အဂွေရို၊ စတာလင်၊ မာနေး၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဟာဇက်တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။ PFA အကောင်းဆုံးဆုဟာ ကစားသမားတွေကနေ မဲပေးရွေးချယ်ပြီး ချီးမြှင့်တာဖြစ်လို့ ထူးခြားပြီးတော့ တခြားကစားသမာေးတွဟာလည်း အရည်အသွေးရှိတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။ ဒါ့အပြင် PFA ဆုကို ရယူနိုင်ခဲ့တာဟာ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုကြောင့်ဖြစ်ပြီး သူ့အနေနဲ့ကတော့ ကြံ့ခိုင်မှုကောင်းအောင်လုပ်ပြီး ပုံမှန်ခြေစွမ်းရဖို့ ကြိုးစားခဲ့လို့ ဆုရရှိခဲ့တာလို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။ PFA ဆုကို တိုက်စစ်နဲ့ ကွင်းလယ်ကစားသမားတွေက အများဆုံးရရှိခဲ့ပေမယ့် အခုနှစ်မှာတော့ နောက်ခံလူ ဗန်ဒိုက်က ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တုန်းက ချဲလ်ဆီးက ဂျွန်တယ်ရီ ရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ခံလူတဦးက ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုပေးပွဲမှာ မန်စီတီး တောင်ပံကစားသမား စတာလင်ဟာလည်း အကောင်းဆုံး လူငယ်ကစားသမားဆုကို လက်ခံရယူနိုင်ခဲ့ပါတယ်။
2 years Ago
Up