PAFD

November 7, 2021

စစ်ကိုင်းမြို့တွင် ထောင်ထားသည့်မိုင်းများ စစ်ကောင်စီတပ် ရှင်းလင်းစဉ် ပေါက်ကွဲ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အုန်းတောရွာအနောက်ဘက်ခြမ်း မြင်းမူလမ်းကြားအနီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းတွေကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ လာရောက်ရှင်းလင်းခဲ့ပါတယ်။

အဲဒီလို ရှင်းလင်းဖို့ လုပ်နေချိန် ညနေ ၄ နာရီဝန်းကျင်မှာ မိုင်းတလုံး ပေါက်ကွဲပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ အရပ်ဝတ် အကြမ်းဖက်လက်နက်ကိုင်တချို့ သေဆုံး ဒဏ်ရာရရှိနိုင်တယ်လို့ သိရပါတယ်။

မိုင်းထောင်တဲ့အဖွဲ့ဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကို မိုင်းဆွဲတိုက်ခိုက်ဖို့ လုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) တွေ ထောင်ထားတဲ့ မိုင်းကို ညနေ ၆ နာရီလောက် လာရောက်ရှင်းလင်းဖို့လုပ်တဲ့အဖွဲ့လည်း မိုင်းကွဲခဲ့တယ်လို့ သိရပါတယ်။

1 month Ago

September 6, 2021

အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)၏ ဆေးတပ်သင်တန်းဆင်း

စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေတစ်ခုမှာ စက်တင်ဘာ ၅ ရက်နေ့က အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ ဆေးတပ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မြို့ပြပြောက်ကျား၊ ကျေးလက်ပြောက်ကျား စစ်သည်တော်တွေက အာဏာရှင်စနစ်ကျရှုံးအောင် တိုက်ခိုက်/တော်လှန်ရေးနည်းလမ်းအမျိုးမျိုးနဲ့ တိုင်း/ခရိုင်/မြို့နယ် အသီးသီးမှာ ပြောက်ကျား တိုက်ခိုက်ရေးနည်းလမ်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေချိန် ရဲဘော်တွေ ထိခိုက်ဒဏ်ရာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ အတွက်စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းပေးတာလို့ သိရပါတယ်။

“သင်တန်းမှာ အခြေခံ ရှေးဦးသူနာပြုနည်းတွေ သင်ပေးတယ်။ ဒါ့အပြင် အရေးပေါ် ဖြစ်လာရင် ဘယ်လို နေရာမှာ ဘယ်ဆေးထိုးရမယ်ဆိုတာကို ကျွမ်းကျင် ဆရာဝန်တွေနဲ့ လက်တွေ့သင်ကြားတာတွေ လုပ်ပေးတယ်။” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုသင်တန်းဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က ပေးတဲ့ ပထမဆုံး ဆေးတပ်သင်တန်းဖြစ်ပြီး နောက်လည်း သင်တန်းဆက်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

3 months Ago
Up