Operation Finale

June 7, 2018

နာဇီအရာရှိကို ရှာဖွေဖမ်းဆီးသည့်အကြောင်း ရိုက်ကူးထားသည့် 'Operation Finale' ရုပ်ရှင် (နမူနာ)

MGM ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်တဲ့ 'Operation Finale' အမည်ရှိ ဖြစ်ရပ်မှန် ရုပ်ရှင်ဟာ ၁၉၆၀ ဝန်းကျင်က နာဇီအရာရှိဟောင်းတဦးကို ရှာဖွေဖမ်းဆီးပုံအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နာဇီအရာရှိ အဒေါ့ဖ် အိုက်ရှ်မန်းဟာ ဂျူးလူမျိုးတွေကို အော့ရှ်ဝစ်ဇ်လို   အကျဉ်းစခန်းတွေဆီ ပို့ဆောင်ရာမှာ ကြီးကြပ်ခဲ့သူတဦး ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ အော်စကာ အိုင်ဆက်ဆိုသူ မော့ဆက်ထောက်လှမ်းရေးဟာ ဗျူနိုအေးရိစ်မြို့မှာ နာမည်တုနဲ့ နေထိုင်သူ အိုက်ရှ်မန်းကို ရှာဖွေဖမ်းဆီးပြီး တရားမျှတမှုရအောင် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အစ္စရေးနဲ့ အာဂျင်တီးနား နှစ်နိုင်ငံအကြား အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဖမ်းဆီးခံ နာဇီအရာရှိဟောင်း အိုက်ရှ်မန်းကို လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ပေးခဲ့ပါတယ်။ အိုက်ရှ်မန်းဟာ အစ္စရေးနိုင်ငံထူထောင်တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အစ္စရေးအစိုးရ သေဒဏ်ပေးခဲ့တဲ့ တဦးတည်းသော နာဇီအရာရှိ ဖြစ်ပါတယ်။ 'Operation Finale' အမည်ရှိ အဲဒီ ဖြစ်ရပ်မှန်ရုပ်ရှင်ကို လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာ အမေရိကန်နိုင်ငံတဝှမ်း ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
3 years Ago
Up