One Day Challenge လှုပ်ရှားမှု

September 21, 2021

ကိုရီးယားရောက်မြန်မာများက NUG အစိုးရကို လစဉ်ဒေါ်လာ ၈၀,၀၀၀ ကျော်ထောက်ပံ့

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ One Day Challenge လှုပ်ရှားမှုက​နေ အမျိုးသားညီညွတ်ရေးအစိုးရ NUG အတွက်  လစဥ် အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ကျော်အထိ ထောက်ပံ့နိုင်ပြီလို့  ဦးဆောင်လှုပ်ရှားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

အဆိုပါ လှုပ်ရှားမှုကို ​တောင်ကိုရီးယားနိုင်ငံမှ အပတ်စဥ်ရုံးပိတ်ရက်တိုင်း​ ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ အဖွဲ့ဝင်တွေက ထောက်ပံငွေထည့်ဝင်တာ၊ မြန်မာ့နိုင်ငံရေးအခြေအနေထုတ်ဖော်ပြသတာ၊ အဖွဲ့ဝင်သစ်တွေကို ဂုဏ်​ပြုလွှာနဲ့ ရင်ထိုး​ပြန်​ပေးတာတွေ လုပ်ဖြစ်တယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

လက်ရှိအချိန်အထိ အဖွဲ့ဝင် ဦးရေ ၁၀၀၀ ကျော်ရှိလာပြီး လစဥ်ထောက်ပံငွေ  ဝမ် ၉၅၄ သိန်း( ဒေါ်လာ ၈၀၀၀၀) ကျော်ပြီလို့ ဦးဆောင်သူတွေကဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။  ရရှိငွေတွေကို  NUGအစိုးရ ဆီတိုက်ရိုက်ပေးပို့နေတယ်လို့လည်း သိရပါတယ်။

4 weeks Ago
Up