Ocean's 8

June 14, 2018

"Ocean's 8" ရုပ်ရှင်ဇာတ်ကား ဝင်ငွေအကောင်းဆုံး ထိပ်ဆုံးက ရပ်တည်

နာမည်ကျော် အမျိုးသမီးသရုပ်ဆောင် အများအပြား ပါဝင်တဲ့ "Ocean's 8" ဇာတ်ကားဟာ ပြီးခဲ့တဲ့ ရုံတင်သီတင်းပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၅ သန်း ရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံးအဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ အဲဒီဇာတ်ကားမှာ ထိပ်တန်း အမျိုးသမီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဆန်ဒရာဘူးလော့၊ ကိတ်ဘလန့်ချက်၊ အန်းဟဲသာဝေး၊ ဟယ်လင်နာဘွန်ဟမ်းကာတာ၊ ဆာရာပေါ်ဆန်၊  မင်ဒီကာလင်းနဲ့ ရီဟားနားတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အမျိုးသမီးဇာတ် အားပြုပါဝင်တဲ့ "Ocean's 8" ဟာ ဥရောပမှာ ပွဲဦးထွက် ပြသခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး ဘူးလော့နဲ့ ဘလန့်ချက်တို့က သူတို့ရဲ့ဇာတ်ရုပ်ပိုင်းကို ပေါ့ပါးမှုရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ထောင်ကနေလွတ်လာတဲ့ ဒက်ဘီအိုးရှန်းဟာ အမျိုးသမီး လူလိမ်အဖွဲ့ ဖွဲ့ပြီး နယူးယောက်မြို့ လက်ဝတ်ရတနာ ပြပွဲအတွင်း ဒေါ်လာ သန်း ၁၅၀ တန် လည်ဆွဲကို ခိုးယူဖို့ စီစဉ်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီ "Ocean's 8" ဇာတ်ကားကို ဝါနားဘရားသားစ် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်ပြီး ကမ္ဘာတဝန်း ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
3 years Ago
Up