ဟောင်ကောင်ကျွန်းရဲ့ အထင်ကရ အပန်းဖြေဥယျာဉ်ကြီးတခုဖြစ်တဲ့ Ocean Park ကို ဇွန်လ ၁၃ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။
ဒါဟာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လေးလကျော်ကြာ ဒီဥယျာဉ်ကို ပိတ်ထားပြီးနောက် ပထမဆုံး ပြန်ဖွင့်ခဲ့တာ ဖြစ်ပြီး ဖွင့်တဲ့နေ့မှာ လာရောက်လည်ပတ်သူတွေ ထောင်ချီရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ပင်လယ်သတ္တဝါတွေ နဲ့ ရိုလာကိုစတာတွေ ၊ မိုးပျံကြိုးရထားတွေ ရှိတဲ့ ဒီဥယျာဉ် ဝင်ပေါက် တံခါးတွေ မဖွင့်ခင် လူရာပေါင်းများစွာဟာ မိုးရေထဲ စောင့်ဆိုင်းနေခဲ့ကြပါတယ်။
လာရောက် လည်ပတ်သူတွေဟာ သတ်မှတ်နေရာတွေမှာ စောင့်ဆိုင်းရပြီး ဝန်ထမ်းတွေက စစ်ဆေးမှုတွေလုပ်ပြီးမှ ဝင်ခွင့်ပေးတာပါ။
လူတိုင်း ပါးစပ်နှာခေါင်းစည်း တွေတပ်ထားရသလို ဝင်ပေါက်မှာ ကိုယ်ပူချိန်တိုင်းတဲ့ စက်တွေလည်း တပ်ထားတယ်လို့ ဆိုပါတယ်။
ဥယျဉ်ထဲဝင်ခွင့်ကို လူ ၉၀၀၀ အထိပဲ သတ်မှတ်ထားပြီး ဇူလိုင်လကုန်မှ တဆင့်ချင်း လူပို ဝင်ခွင့်ပြုသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago