NTSB

January 27, 2020

ကမ္ဘာကျော်ဘတ်စကက်ဘောကစားသမား သေဆုံးခဲ့သည့်ရဟတ်ယာဉ်ပျက်ကျမှု စစ်ဆေးမည်

ကမ္ဘာကျော် ဘက်စကတ်ဘောအားကစားသမားနဲ့ လူ ၈ ယောက် သေဆုံးခဲ့ရတဲ့ ရဟတ်ယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးမယ်လို့ အမျိုးသားသယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) က ဇန်နဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်အမျိုးသားဘတ်စကက်ဘောအသင်းရဲ့ ကမ္ဘာကျော်ကစားသမား အသက် ၄၁ နှစ်အရွယ် ကိုဘေဘရိုင်ယန့်၊ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူနဲ့ တခြားလူ ၇ ယောက်တို့ကို တင်လာတဲ့ ရဟတ်ယာဉ်ဟာ ကာလီဖိုးနီးယားပြည်နယ် ကာလာဘတ်စက်မြို့နား တောင်ထူတဲ့ မြေပြင်ပေါ် ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၁၀ နာရီလောက်က ပျက်ကျခဲ့ပါတယ်။   လော့စ်အိန်ဂျလိစ်မြို့လယ်ကနေ အနောက်မြောက်ဘက် မိုင်လေးဆယ်အကွာမှာ ပျက်ကျမှု ကြောင့် ပတ်ဝန်းကျင်မှာ အသေးစားတောမီးလောင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။   လုပ်ငန်းဆောင်ရွက်ပုံ၊ လူတွေရဲ့လုပ်ဆောင်ချက်၊ ရဟတ်ယာဉ်ရဲ့ပျံသန်းနိုင်ချေ ရှိမရှိ၊ တည်ဆောက်ပုံတွေနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ၁၈ ယောက်ပါတဲ့အဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ NTSB က ဂျနီဖာ ဟိုမန်ဒီက ပြောပါတယ်။   ရဟတ်ယာဉ်မှူးနဲ့ ဝန်ထမ်းတွေရဲ့ သမိုင်းကြောင်း၊ ရဟတ်ယာဉ်ထိန်းသိမ်းမွမ်းမံမှု မှတ်တမ်း၊၊ ရဟတ်ယာဉ် ပိုင်ရှင်နဲ့ လုပ်ငန်းဆောင်ရွက်သူတွေရဲ့ မှတ်တမ်းတွေကို စစ်ဆေးမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။  ဘရိုင်ယန့်ပါတဲ့အဖွဲ့ဟာ ချန်ပီယံဆုကို ငါးကြိမ် ဆွတ်ခူးခဲ့တာပါ။ သူသေဆုံးမှုကြောင့် ကမ္ဘာကျော်အောင် သူကူညီခဲ့တဲ့ အမေရိကန်အမျိုးသား ဘတ်စကက်ဘောအသင်းအတွက် ဂယက်ရိုက်ခတ်ခဲ့ပါတယ်။  ရဟတ်ယာဉ်ပေါ်မှာ ဘရိုင်ယန့် သမီးဖြစ်သူရဲ့ အသင်းဝင်တွေနဲ့ အသင်းသားတယောက်ရဲ့ မိဘတွေ၊ ရဟတ်ယာဉ်မှူးတို့လည်းပါပြီး အားလုံး သေဆုံးတယ်လို့ NBC သတင်းဌာနက အစီရင်ခံထားပါတယ်။
1 year Ago
Up