NOK AIR လေကြောင်း မဲဆောက်-ရန်ကုန်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲ

October 29, 2017

NOK AIR လေကြောင်း မဲဆောက်-ရန်ကုန်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲ

  NOK AIR လေကြောင်းလိုင်းဟာ မဲဆောက်-ရန်ကုန် ခရီးစဉ်အဖြစ် ဒီနေ့ စတင်ပျံသန်းပြေးဆွဲခဲ့ပါတယ်။ မဲဆောက်-ရန်ကုန်ခရီးစဉ်ကို အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေ တပတ်ကို ၃ ကြိမ်ပျံသန်းမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြပါတယ်။ မဲဆောက်ကနေ ထိုင်းစံတော်ချိန် ၁၁ နာရီ ၄၀ မိနစ်မှာ ထွက်မှာဖြစ်ပြီး ရန်ကုန်ကနေ မဲဆောက်ကို ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှာပြန်ထွက်ခွာမှာပါ။ လာမယ့် ၂၀၁၈ ဇန်န၀ါရီလမှ စတင်ပြီး ၄ ကြိမ်ပြေးဆွဲမှာဖြစ်ပြီး မတ်လမှာ ၅ ကြိမ်ထိ တိုးချဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ခရီးသည်တဦးကို ကီလို ၂၀ အခမဲ့ယူဆောင်ခွင့် ရှိတယ်လို့ NOK AIR  လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ NOK AIR လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ် ဈေးနှုန်းမှာ ၃ လကြိုတင် လက်မှတ်ဝယ်ယူသူတွေကို အနည်းဆုံး ၁၂၉၉ ဘတ်သာကျသင့်ပြီး အနီးကပ်ဝယ်ယူပါက အများဆုံး ၄၀၉၉ ဘတ် ကျသင့်မှာဖြစ်တဲ့အတွက် လက်မှတ်ကြိုတင် ၀ယ်ယူတဲ့ အချိန်ကာလပေါ် မူတည်ပြီး အနည်းဆုံး ၁၂၉၉ ဘတ်မှ အများဆုံး ၄၀၉၉ ဘတ်ကျသင့်မယ်လို့ သိရပါတယ်။
4 years Ago
Up