NLD ဝန်းရံသူများ

October 18, 2020

ဘုရားသုံးဆူ ဝင်းရော်ဒေသတွင် NLD ဝန်းရံသူများ လှည့်လည်အင်အားပြ (ဓာတ်ပုံ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့။ ဘုရားသုံးဆူ ကျိုက်ဒုံ ဝင်းရော်ဒေသမှာ NLD ဝန်းရံသူတွေ အောက်တိုဘာ ၁၇ ရက်နေ့က လှည့်လည်အင်အားပြခဲ့ကြပါတယ်။ Photo - Phoe Darr Bo / MPA
7 months Ago

October 11, 2020

ခန္တီးမြို့တွင် NLD ဝန်းရံသူများ စက်လှေအစီး ၅၀ ဖြင့် ချင်းတွင်းမြစ်အတွင်း အင်အားပြ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ NLD ပါတီ ဝန်းရံသူ ၁၀၀ ကျော်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက စက်တက်လှေအစီး ၅၀ နဲ့ ချင်းတွင်းမြစ်အတွင်း လှည့်လည်အင်အားပြကြပါတယ်။ ခန္တီးမြို့ NLD ပါတီ ထောက်ခံဝန်းရံသူ ဦးအောင်ဆန်းလင်းက “အခုက ကျနော်တို့ ပြည်သူတွေကနေ NLD ပါတီ ဝန်းရံထောက်ခံတဲ့အနေနဲ့ အင်အားပြ လုပ်ဆောင်တာပါ။ ခန္တီးမြို့ ချင်းတွင်းမြစ်မှာ စက်တပ်လှေတွေ၊ စက်လှေအကြီးတွေနဲ့ ချင်းတွင်းမြစ်ထဲ အင်အားပြအနေနဲ့ လုပ်ဆောင်တယ်” လို့ ပြောပါတယ်။ အင်အားပြရာမှာ ပါဝင်ခဲ့တဲ့ စက်လှေပိုင် ဦးမြင့်သိန်းက “ခန္တီးမြို့ NLD အောင်နိုင်ရေးကို အထောက်ကူဖြစ်လို့ အင်အားပြတဲ့အနေနဲ့ လုပ်ဆောင်တာပါ” လို့ ပြောပါတယ်။  နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ခန္တီးမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီ(တိုင်းသျန်)သွေးစည်းညီညွတ်ရေး ပါတီ၊ တိုင်းလှိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးရေးပါတီ၊ နာဂအမျိုးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အောင်ဆန်းမြင့်
7 months Ago
Up